play

 

ရာသီတုပ်ကွေးရောဂါနဲ့ ဆေးရုံတက်နေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဇူလိုင် ၃၀ ရက် မနက်အစောပိုင်းက ဝေဘာဂီဆေးရုံမှာ ထပ်မံသေဆုံးခဲ့တယ်လို့ ဒီရောဂါနဲ့သေဆုံးသူ ကိုယ်ဝန်ဆောင် သုံးဦးရှိသွားပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။

ဇူလိုင် ၂၄ ရက်က ဗဟိုအမျိုးသမီးဆေးရုံကြီးမှနေ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးကို လွှဲပြောင်းကုသခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးက အဆိုပါ နေ့မွန်းလွဲပိုင်းမှာ သေဆုံးခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကနေ မြောက်ဥက္ကလာပဝေဘာဂီ ကူးစက်ဆေးရုံကြီးကို ဇူလိုင် ၂၇ ရက်မှာ လွှဲပြောင်းပေးခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း ဇူလိုင် ၂၈ ရက် မနက်ပိုင်းမှာ သေဆုံးခဲ့ပါတယ်။

play

 

တတိယမြောက်သေဆုံးခဲ့တဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးကတော့ ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ်ကနေ ဇူလိုင် ၂၉ ရက်ညပိုင်းမှာ ဝေ ဘာဂီ ကူးစက်ဆေးရုံကြီးကို တက်ရောက်ကုသခဲ့ပြီး ဇူလိုင် ၃၀ ရက် မနက် ၅ နာရီကျော်မှာ ကွယ်လွန်ခဲ့တာပါ။

‘‘ပဲခူးတိုင်းကနေ ပထမဆုံး လွှဲပြောင်းပေးခဲ့တဲ့ လူနာပါ။ နာရီ ပိုင်းအတွင်းမှာ သေဆုံးခဲ့တာဖြစ် ပါတယ်။ ဆရာဝန်တွေအနေနဲ့ အထူးကြပ်မတ် ကုသဆောင်မှာ အရေးပေါ်ကုသမှုတွေပေးခဲ့ပေ မယ့် လူနာရဲ့ အနေအထားက လုံးဝအခြေအနေမဟန်နိုင်တော့ ဘူး။ နာရီပိုင်းလောက်ပဲ ကုသဖို့ အခွင့်အရေးရလိုက်တယ်’’လို့  ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။

ဇူလိုင် ၂၉ ရက် စာရင်းတွေအရ ရာသီတုပ်ကွေးရောဂါဖြစ်ပွားတယ်လို့ သံသယရှိသူ ၁၈၂ ဦးရှိမှာ ၅၁ ဦးက ရောဂါဖြစ်ပွားနေတာကို စစ်ဆေးတွေ့ရှိခဲ့ရပြီး သေဆုံးသူ ဆယ်ဦးအထိရှိသွားပြီလို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Source & Photos : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video