AD
AD
AD
play

 

နိုင်ငံသားအခွင့်အရေးအရ ဧည့်စာရင်း တိုင်ကြားစရာ မလိုတော့ပေမယ့် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ဧည့်စာရင်း စစ်ဆေးခွင့်ရှိတယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောကြားလိုက်ပါတယ်။

သြဂုတ်လ ၃၁ ရက်နေ့က နေပြည်တော် ပြည်သူ့လွှတ်တော်မှာကျင်းပခဲ့တဲ့ လွှတ်တော်သတင်းစာရှင်းလင်းပွဲမှာ ဦးဝင်းမြင့်က အခုလိုပြောကြားခဲ့တာဖြစ်ပြီး ဧည့်စာရင်း တိုင်ကြားရတဲ့ အချက်ကို ပယ်ဖျက်လိုက်ပေမယ့် ဧည့်စာရင်း စစ်ဆေးတာကို လုံးဝ ပယ်ဖျက်လိုက်တာမဟုတ်ဘူးလို့ ဆိုပါတယ်။

 

ဥပဒေပြဌာန်းချက်ပါ ဧည့်စာရင်း တိုင်ကြားရမယ့်အချက်ကို ပယ်ဖျက်လိုက်လို့ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် ဝေဖန်မှုတွေ ရှိနေတယ်လို့ သတင်းထောက်တစ်ဦးက မေးမြန်းတာကို ဦးဝင်းမြင့်က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

“စစ်ဆေးခွင့် မပေးထားတာ မဟုတ်ဘူး။ ကာကွယ်ရေး၊ လုံခြုံရေးအတွက် စစ်ဆေးခွင့် ပေးထားပြီးသား၊ အကြမ်းဖက်ပြီး၊ လက်နက်ကိုင်ပြီးတော့ သောင်းကျန်းတဲ့ ပုဂ္ဂိုလ်တွေကို မရှာရဘူး၊ မဖွေရဘူး၊ မစစ်ရဘူးလို့ မပြောဘူး”လို့ ဦးဝင်းမြင့်က ပြောပါတယ်။

၂၀၁၂ခုနှစ်အတွင်းက ပြဌာန်းခဲ့တဲ့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ပြန်လည်ပြင်ဆင်ခဲ့ရာမှာ မဖြစ်မနေ တိုင်ကြားရမယ်ဆိုတဲ့ အချက်ကို ပယ်ဖျက်ခဲ့တာပါ။

Source & Photos : Mizzima

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD