play

 

မတရား အသင်းဥပဒေနဲ့ အကျဉ်းကျခံနေရတဲ့ သတင်းထောက် (၃ ) ဦး အပါအဝင် သတင်းမီဒီယာတွေအပေါ်စွဲဆိုထားတဲ့ အမှုတွေအားလုံးကို တပ်မတော်က ကျေအေးပေးလိုက်တာကို အကြောင်းကြားလာတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယ ဥက္ကဌ ဦးအောင်လှထွန်းက ပြောပါတယ်။

 

“သီပေါမှာ ၁၇/၁ ရင်ဆိုင်နေရတဲ့ သတင်းထောက် ၃ ဦးပါတယ်၊ ကိုကျော်မင်းဆွေ ပါမယ် ၊ ကိုဝေဖြိုးကို တပ်ကစွဲတဲ့ အမှုပါမယ်"လို့ ဦးအောင်လှထွန်းက ပြောပါတယ်။

တပ်မတော်က တရားစွဲဆိုထားတာကို ကျေအေးလိုက်ပေမယ့် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ELEVEN မီဒီယာ အမှုဆောင်အရာရှိနဲ့ အယ်ဒီတာချုပ်အပေါ် ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲဆိုထားမှုကတော့ တောင်းပန်စာဖော်ပြပေးထားပေမယ့် ကျေအေးပေးတာ မရှိသေးပါဘူး။

Source : The Voice

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video