AD
AD
AD
play
ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် မက်သရူးရိုင်းခရော့ဖ်။

 

မြန်မာနိုင်ငံမြောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ မြန်မာအရေးကိစ္စနဲ့ ပတ်သက်ပြီးကျယ်ကျယ် မဆွေးနွေးဖို့ တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးကောင်စီက ထောက်ခံခဲ့တယ်လို့ သိရပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးက မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ ဖြစ်တောင့်ဖြစ်ခဲ အခြေနေတစ်ခုဖြစ်ပြီး ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံက တရားဝင်ကြေညာချက် ထုတ်ပြန်တာ မရှိသေးဘူးလို့ ဆိုပါတယ်။

play
မြန်မာနိုင်ငံအရေး ဆွေးနွေးနေသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး။

 

‘‘အကြမ်းဖက်မှု အားလုံးကို ရှုတ်ချပါတယ်။ တင်းမာမှု အခြေအနေတွေကို လျှော့ချဖို့ တောင်းဆိုပါတယ်’’လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် မက်သရူးရိုင်းခရော့ဖ်က ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ် ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံး တင်းမာမှုတွေ လျှော့ချနိုင်အောင် ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ကို ဘင်္ဂါလီ ၁၈,၅၀၀ လောက်ရှောင်တိမ်းခဲ့တာနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ထည့်သွင်းဆွေးနွေးဖို့ စတင်အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

Source : 7DayDaily

Photos : Reuters, The Nation

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD