play

 

မောင်တောဒေသက အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားခြောက်ဦးကို ဘင်္ဂါလီကျေးရွာလေးရွာမှ ကျေးရွာတွေကို ကိုယ်တိုင်ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ထံကို လာရောက်အပ်နှံထားတယ်လို့ အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ပြောပါတယ်။

‘‘အကြမ်းဖက်ကို အရင်တုန်းက ကြောက်လို့သာ ငြိမ်ခံပေမယ့်လို့ သူတို့ကိုယ်တိုင် အကြမ်းဖက်အဖွဲ့တွေကို လိုက်ပြီးတော့ ရှာဖွေတဲ့အခါမှာ အကြမ်း ဖက်တစ်ယောက်ဆိုရင် ဘူဂါခြုံပြီးတော့ မိန်းမလိုဟန် ဆောင်ပြီး ထွက်ပြေးမယ်လို့လုပ်တဲ့အချိန်မှာ ဘင်္ဂါလီရွာသားတွေက ဝိုင်းဖမ်းပြီးတော့ ကျွန်တော်တို့ကို လာအပ်တာ စုစုပေါင်းခြောက်ယောက်ရှိပြီ’’လို့ ရဲမှူးချုပ် သူရစန်းလွင်က ပြောပါတယ်။

 

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေကြောင့် အခြားဘင်္ဂါလီတွေပါ ဒုက္ခရောက်နေရတဲ့ အခြေအနေကို လက်မခံနိုင်တဲ့ ဘင်္ဂါလီကျေးရွာတွေက အကြမ်းဖက်သမားတွေကို သူတို့ကိုယ်တိုင် ဖမ်းဆီးပေးဖို့ ခွင့်ပြုချက်တောင်းဆိုလာတာကြောင့် ညအချိန် ဘင်္ဂါလီကျေးရွာတွေမှာ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ခွင့်တောင်းလာလို့ ပေါင်းစပ်ဆောင်ရွက်နေလို့ ဆိုပါတယ်။

play

 

မောင်တောဒေသမှာ သြဂုတ် ၂၅ ရက် မနက်မှာ စတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေ စတင်ဖြစ်ပွားခဲ့တဲ့ ခုနစ်ရက်အကြာ သြဂုတ် ၃၁ ရက်ရောက်တဲ့အချိန်မှာ တိုက်ခိုက်မှုတွေလျော့ကျလာတာက ဘင်္ဂါလီကျေးရွာတွေက ပူးပေါင်းဆောင်ရွက်လာကြောင့်လည်းဖြစ်တယ်လို့  ရဲမှူးချုပ်စန်းလွင်က ပြောပါတယ်။

ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက သြဂုတ် ၂၅ ရက် မနက်မှာ မောင်တောဒေသက ရဲစခန်းတွေ၊ ကင်းစခန်းတွေကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့  ဝန်ထမ်းတစ်ဦးသေဆုံးခဲ့တယ်လို့ အစိုးရသတင်းထုတ်ပြန်ရေး ကော်မတီ က သတင်းထုတ်ပြန်ခဲ့ပါတယ်။

Source & Photos : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video