AD
AD
AD
play

 

ရခိုင်ဒေသမှာဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တူရကီအခြေစိုက်ဟက်ကာတွေက မြန်မာအစိုးရနဲ့ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တွေ၊ မြန်မာနိုင်ငံမှ လွှင့်တင်ထားတဲ့ ဝက်ဆိုက်တွေကို ဆိုက်ဘာတိုက်ခိုက်ခဲ့ပြီး မြန်မာအလုပ်သမား ရှစ်သောင်းကျော်ရဲ့ ကိုယ်ရေးအချက်အလက်(CV) တွေ ပေါက်ကြားခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရသည့်ဝက်ဆိုက်တွေထဲက http://myanmarcareerconyat.com.mm အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ရဲ့ Database ပေါက်ကြားခဲ့ပြီး အလုပ်အကိုင်ရှာဖွေထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရယူသိမ်းဆည်းခဲ့တယ်လို့ တူရကီအခြေစိုက် ဟက်ကာအဖွဲ့က သူတို့ရဲ့ တွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

 

ဆိုက်ဘာစစ်ပွဲအသွင်ဆောင်လာတဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားချိန်မှာ အစိုးရနဲ့ နိုင်ငံပိုင်ဝက်ဘ်ဆိုက်တွေ အနေနဲ့ ဆိုက်ဘာလုံခြုံရေးကို အထူးအရေးပေး ဆောင်ရွက်ထားဖို့ လိုအပ်ကြောင်း ပြည်တွင်းဆိုက်ဘာနည်းပညာရှင်တွေက ပြောပါတယ်။

“ဆိုက်ဘာလုံခြုံရေးက အရေးကြီးနေပါတယ်။ ဒီထက်ပိုပြီး တိုးမြှင့်လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အွန်လိုင်းပေါ်မှာတော့ထိခိုက်မှုေ တွ အများကြီး မရှိနိုင်ပါဘူး။ နောက်ပိုင်းတော့လိုအပ်လာမှာပါ။ ကျွန်တော်တို့ဘက်က စာထုတ်ပြီး အသိပေး နှိုးဆော်တာတွေ လုပ်ဆောင်နေတာတွေ ရှိပါတယ်"လို့ သတင်းအချက်အလက် နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးခန့်က ပြောပါတယ်။

ကနဦးသတင်းတွေအရ မြန်မာအစိုးရဝန်ကြီးဌာန ဝက်ဘ်ဆိုက်၂၂ ခုကိုတိုက်ခိုက်ခံခဲ့ရပြီး လက်ရှိအချိန်မှာ မြန်မာနိုင်ငံကနေ လွှင့်တင်ထားတဲ့ ဝက်ဘ်ဆိုက်တွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုဖြစ်ပွားနေချိန်မှာ မြန်မာ UG Hacker တွေကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် ဝက်ဘ်ဆိုက်တွေကို တုံ့ပြန်တိုက်ခိုက်မှုတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Source & Photos : The Voice

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD