AD
AD
AD
play

 

မြန်မာတစ်နိုင်ငံလုံးကနေ ဖမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားတွေ လေလံတင်ရောင်းချတာတွေကို ပြည်ထောင်စုအစိုးရက ပြောင်းလဲစီမံခန့်ခွဲသွားမယ်လို့ မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ ကြီး ကြပ်မှုကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အရင်တုန်းကတော့ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးက လိုင်စင်မဲ့ကားတွေကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ကပဲ စီမံခန့်ခွဲနေတာကနေ လက်ရှိဘဏ္ဍာနှစ်ကနေစပြီး ပြောင်းလဲခဲ့တာလို့ ဆိုပါတယ်။

 

လက်ရှိအချိန်မှာ လိုင်စင်မဲ့ကား အများစုကို ရှမ်းနဲ့ မွန်ပြည်နယ်တို့မှာပဲ အများဆုံးဖမ်းဆီးရရှိနေပြီး အဲဒီပြည်နယ်တွေမှာပဲ လေလံပစ်ပြီး ပြန်လည်အသုံးပြုနေလို့ အမှန်တကယ်လိုအပ်နေတဲ့ တိုင်းနှင့်ပြည်နယ်တွေအားလုံး ရရှိနိုင်ဖို့ အဆိုပါအစီအစဉ်ကို ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

play

 

‘‘ဖမ်းဆီးထားတဲ့ လိုင်စင်မဲ့ ယာဉ်တွေကို လေလံပေးမယ့်ကိစ္စက ပြည်နယ်က မလုပ်တော့ဘူး။ ပြည်ထောင်စုကပဲ လုပ်မယ်။ အရင်တုန်းက ပြည်နယ်က ဖမ်းဆီးရမိတဲ့ကားကို ပြည်နယ်ကသာ စီမံခန့်ခွဲတယ်။ အခုက ဘယ်ကပဲ ဖမ်းမိဖမ်းမိ ပြည်ထောင်စုကပဲ စီ မံခန့်ခွဲတယ်’’ လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြောပါတယ်။

မွန်ပြည်နယ်ထဲမှာ ဖမ်းဆီးရမိထားပြီး တရားရုံးအမှုပြီးပြတ်ထားတဲ့ လိုင်စင်မဲ့ယာဉ် ၄၀၀ ကျော်ရှိပြီး အဆိုပါယာဉ်တွေကို ပြည်ထောင်စုအစိုးရက လေလံတင်ရောင်းချသွားမယ်လို့ မွန်ပြည်နယ်အစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD