AD
AD
AD
play

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝင်ပေါက်ရှေ့ ဗိုလ်ချုပ်လမ်းမပေါ်မှာ စက်တင်ဘာလ ၁ ရက် ည ၇ နာရီလောက်က အသက်၂၉ နှစ်အရွယ် အထက်တန်းသူနာပြုဆရာမတစ်ဦး လမ်းဖြတ်ကူးတုန်းမှာ ကားတိုက်ခံခဲ့ရတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ယာဉ်မတော်တဆဖြစ်ခဲ့တဲ့ မတင်မျိုးဝေက လမ်းမတော်မြို့နယ် အလယ်ဘလောက်က (၁၁) လမ်း တိုက်ခန်းတစ်ခုတွင်နေထိုင်ပြီး ရွှေဘို ပြည်သူ့ဆေးရုံကြီးကနေ ရန်ကုန်သူနာပြု တက္ကသိုလ်ပေါင်းကူးသင်တန်း ဒုတိယနှစ်တက်ရောက်နေသူ ဖြစ်ပါတယ်။

 

“ဖြစ်တာက ဗိုလ်ချုပ်လမ်းပေါ်မှာ ဖြစ်တာပါ၊ ကားက လသာမြို့နယ်ဘက်ကနေ အလုံဘက်ကိုမောင်းလာတာ၊ လူကိုတိုက်ပြီး ထွက်ပြေးသွားတယ်၊ ဘာကားအမျိုးအစားလဲေ တာ့မသိဘူး၊ အနက်ရောင် ကိုယ်ပိုင်ယာဉ်တစ်စီးလို့သိရတယ်။ ကားနံပါတ်လည်း ရထားပါတယ်၊ ယာဉ်မောင်းကိုတော့အမှုဖွင့်စုံစမ်းနေတုန်းပါ”လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် မတင်မျိုးဝေမှာ ညာလက်ခုံပွန်း၊ ညာချိုစောင်း စုတ်ပြဲ၊ ညာမျက်ခုံးပွန်း၊ ဘယ်လက် ကောက်ဝတ်ပွန်း၊ ညာဒူးနာကျင်ဒဏ်ရာများ ရရှိကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ်တင်ပို့ကုသခဲ့ရပြီး ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှရဲအုပ်ဇော်မျိုးထိုက်က အမှုဖွင့်တိုင်ကြားခဲ့လို့ လမ်းမတော်မြို့မရဲစခန်းက ယာဉ်(ပ) ၁၈/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၀၂ နဲ့ အမှုဖွင့် ဆောင်ရွက်ထားပါတယ်။

Source : The Voice

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD