AD
AD
AD
play

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ထဲက ကျိုက်ထီးရိုးတောင်ပေါ်က ဆိုင်ခန်းတွေမှာ နိုင်ငံရေးပါတီတွေက ပိုင်ဆိုင်ထားတဲ့ ဆိုင်ခန်းတွေကို အခုချက်ချင်းဆင်းပေးလို့ သြဂုတ် ၃၀ ရက်က ကျိုက်ထီးရိုးတောင်ပေါ်ရှိ ဆိုင်ခန်းတွေအတွက် ပြုလုပ်ခဲ့တဲ့ လူထုတွေ့ဆုံပွဲမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောလိုက်ပါတယ်။

“ကျိုက်ထီးရိုးတောင်ပေါ်မှာ ကျွန်တော်တို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် အစိုးရဖြစ်လာလို့ နေရာတစ်ကွက်ယူမှာ မဟုတ်ဘူး။ ကျွန်တော်ပြောတာရှင်းတယ်။ တောင်တက်ကားတစ်စီးယူမှာ မဟုတ်ဘူး။ မြေနေရာတစ်ကွက်၊ ဆိုင်တစ်ခန်းယူ မှာမဟုတ်ဘူး။ အဲဒီလိုပဲ ဘယ်နိုင်ငံရေးပါတီကိုမှ အခွင့်အရေးပေးမှာ မဟုတ်ဘူး။ အဲဒါကတော့ လုံးဝသေချာတယ်။ နိုင်ငံရေးပါတီကယူထားတဲ့ ဆိုင်တွေ ခုချက်ချင်းဆင်း”လို့ ဒေါက်တာအေးဇံက ပြောခဲ့ပါတယ်။

 

ကျိုက်ထီးရိုးတောင်က ဘာသာရေးသမိုင်းဝင်အထွတ်အမြတ်နေရာ တစ်ခုဖြစ်လို့ ဘယ်နိုင်ငံရေးအငွေ့အသက်ကိုမျှ လက်ခံမှာမဟုတ်ဘဲ သန့်ရှင်းစေရမှာဖြစ်ပြီး တောင်ပေါ်မှာ ဈေးရောင်းချတဲ့သူတွေအနေနဲ့ နိုင်ငံတော်ကိုချစ်ပါ။ ဘုရားဖူးလာရောက်သူများအပေါ်မှာ မေတ္တာထားပါ။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးပါ။ ဘုရားဖူးလာသူများ၏ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကို ဂရုစိုက် လုပ်ဆောင်ပေးကြပါလို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

play

 

ကျိုက်ထီးရိုးတောင်ပေါ်က ဆိုင်ခန်းတွေနဲ့ ပတ်သက်ပြီး မကြာခဏ အငြင်းပွားမှုတွေဖြစ်ပေါ်နေပြီး ကျိုက်ထီးရိုးစေတီ ဘုရားဂေါပကအဖွဲ့ ပြင် ဆင်ဖွဲ့စည်းပြီးတဲ့ နောက်ပိုင်းမှာ ဘုရားဘဏ္ဍာငွေတွေ ပိုမိုရရှိလာခဲ့တယ်လို့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောထားဘူးပါတယ်။

Source & Photo : WHNJ

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD