AD
AD
AD
play
ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေသည့် တပ်မတော်ရဟတ်ယာဉ်များ။

 

မြန်မာဘက်နိုင်ငံက ရဟတ်ယာဉ်တွေက ဘင်္ဂလားဒေ့ရှ်ဝေဟင်ပိုင်နက်ထဲကို အကြိမ်ကြိမ်ကျော်လွန်ပျံသန်းခဲ့တယ်လို့ စွပ်စွဲမှုတွေအပေါ် တပ်မတော်က မဟုတ်မှန်ကြောင်း အကြောင်းပြန် ကြားထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာရဟတ်ယာဉ်တွေက ဘင်္ဂလားဒေ့ရှ် ဝေဟင်ပိုက်နက်ထဲကို သြဂုတ် ၂၇၊ ၂၈ နဲ့ စက်တင်ဘာ ၁ ရက်တို့မှာ ကျော်လွန်ပျံသန်းခဲ့လို့ မြန်မာသံအမတ်ကြီးကို ခေါ်ယူအသိပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းစာတွေမှာ စက်တင်ဘာ ၁ ရက်က ဖော်ပြခဲ့ပါတယ်။

မြန်မာလေတပ်က ဘင်္ဂလားဒေ့ရှ် ဝေဟင်ပိုက်နက်ကို ကျော်လွန်ခြင်းမရှိဘူးလို့ MI 17 ရဟတ်ယာဉ်တွေနဲ့ မောင်တောအကြမ်းဖက်မှု ဖြစ်စဉ်ကြောင့် ရိက္ခာပြတ်လပ်နေသူတွေကို အစာရေစာပေးဝေခြင်း၊ ဒဏ်ရာရရှိသူတွေကို သယ်ဆောင်တာတွေကို မြန်မာ့ဝေဟင် ပိုင်နက်ထဲမှာပဲ ပြုလုပ်ခဲ့တာကို တပ်မတော်က အကြောင်းပြန်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရှင်းပြပါတယ်။

play

 

‘‘သွားခဲ့တဲ့ ခရီးစဉ်ကို တပ်မ တော်က ပြန်စစ်တယ်။ Flight  Route ပေါ့။ ပျံသန်းခဲ့တဲ့လမ်း ကြောင်း၊ GPS အချက်အလက် တွေ ပြန်ကြည့်တဲ့အခါ နယ်နိမိတ်ကို ကျော်လွန်ခြင်းမရှိဘူးလို့ သိရတယ်။ အဲဒီတော့ သူတို့ ဝေဟင်ပိုင်နက်ကို ကျော်လွန်ပျံသန်း တယ်ဆိုတာ တပ်မတော်ဘက်က မဟုတ်ဘူးလို့ ပြောတယ်’’လို့ ဦးဇော်ဌေးက ပြောပါတယ်။

 

ဝေဟင်ပိုင်နက် ကျော်လွန်ပျံသန်းခြင်းမရှိတာကို ဘင်္ဂလားဒေ့ရှ်ဘက်မှ တာဝန်ရှိသူတွေကို ပြန်လည်ရှင်းလင်းသွားမှာဖြစ်ကာ နှစ်နိုင်ငံလုပ်ထုံးလုပ်နည်းအတိုင်း ဖြေရှင်းဆောင်ရွက်သွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်ကလည်း ပြည်ထဲရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ သူကိုယ်တိုင်လိုက်ပါခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ဝေဟင်နယ်နိမိတ်ကို ကျော်လွန်တာ မရှိဘူးလို့ ဆဲဗင်းဒေးသတင်းစာကို အတည်ပြုပြောကြားခဲ့ပါတယ်။

‘‘သူတို့ နယ်နိမိတ်ဆိုတာ နတ်မြစ်ကျော်မှ သူတို့နယ်နိမိတ် ရောက်တာ။ ဘာမှနတ်မြစ်ကျော် စရာအကြောင်းမရှိဘူး’’လို့ ရဲမှူးချုပ်သူရစန်းလွင်က ပြောပါတယ်။

Source : 7DayDaily

Photos : AFP

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD