AD
AD
AD
play

 

ရခိုင်အရေးနဲ့ ပတ်သက်လို့ မြန်မာဝက်ဘ်ဆိုက် ၂၀ ကျော်ကို တူရကီဟက်ကာတွေက တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာဟက်ကာတွေက တူရကီနိုင်ငံက ဝက်ဘ်ဆိုက် ၇၀၀ ကျော်ကို စက်တင်ဘာ ၁ ရက်မှာ ပြန်လည်တိုက် ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တူရကီဟက်ကာတွေက မြန်မာအစိုးရဝက်ဘ်ဆိုက် ငါးခုအပါအဝင် မြန်မာဝက်ဘ်ဆိုက် ၂၀ ကျော်ကို သြဂုတ် ၂၉ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း မြန်မာဟက်ကာအဖွဲ့တွေ စုပေါင်းထားတဲ့ Union  of Underground Myanmar Hackers က ပြန်လည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တူရကီဝက်ဘ်ဆိုက် အများစုကို မြန်မာဟက်ကာတွေက ပြန်လည်တိုက်ခိုက်နိုင်ခဲ့ပေမယ့် အစိုးရပိုင်ဝက်ဘ်ဆိုက် အနည်းငယ်ကိုပဲ တိုက်ခိုက် နိုင်ခဲ့တယ်လို့ အမည်မဖော်လိုသူ ဟက်ကာတစ်ဦးက ပြောပါတယ်။

play

 

တူရကီနဲ့ ဆိုက်ဘာတိုက်ခိုက်မှုမှာ တချို့သော ဝက်ဘ်ဆိုက်တွေကို မြန်မာဟက်ကာတွေ အပြည်အဝ Deface ပြုလုပ်နိုင်ခဲ့ပေမယ့် တချို့ ဝက်ဘ်ဆိုက်တွေကတော့ ဆာဗာရပ်ဆိုင်းကို ရပ်ဆိုင်းပြီး ပြန်လည်ပြု ပြင်နေတယ်လို့ မြန်မာဟက်ကာတွေက ပြောပါတယ်။

လူမျိုးရေး၊ဘာသာရေး ပြဿနာဖြစ်ပွားလာတဲ့ အချိန်တိုင်း မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံတွေ အကြားဆိုက်ဘာ တိုက်ခိုက်မှု အပြန်အလှန် ပုံမှန်ဖြစ်ပွားလေ့ရှိပြီး လက်ရှိဆိုက်ဘာတိုက်ခိုက်မှုမှာ မြန်မာဝက်ဘ်ဆိုက်တချို့ Recover ပြန်လည်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ခံရတဲ့ မြန်မာဝက်ဘ်ဆိုက်တွေက လုံခြုံရေးပုံမှန်လစ်ဟင်းနေတဲ့ ဆိုက်တွေလို့ မြန်မာဟက်ကာတွေက ပြောကြားထားပြီး မြန်မာနိုင်ငံကွန်ပျူတာ အရေးပေါ် တုံ့ပြန်မှုအဖွဲ့ (MMCERT) ကလည်း တိုက်ခိုက်မှုတွေဖြစ်လာရင် အကူအညီတောင်းခံနိုင်ကြောင်း တရားဝင် အသိပေးထားပါတယ်။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD