AD
AD
AD
play


ဂျကာတာမြို့လယ်ရှိ မြန်မာသရုံးကို မီးလောင်ဗုံးဖြင့် ပစ်ပေါက်မှုဖြစ်ခဲ့ပြီးနောက် မြန်မာသံရုံးလုံခြုံရေးကို အမြင့်ဆုံးအထိ ဆောင်ရွက်ပေးမယ်လို့ အင်ဒိုနီးရှားအစိုးရက အကြောင်းကြားထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။


"ပုလင်းနဲ့ပစ်တာ၊ ပုလင်းထဲမှာ မီးစထည့်ပစ်တာပေါ့၊ ပုလင်းနဲ့ နှစ်လုံးပစ်တယ်၊ တစ်လုံးက ဝရံတာကျတာပေါ့၊ မီးခိုးတွေထွက်တယ်ပေါ့၊ တစ်လုံးကတော့ မထိဘူးပြောတယ်၊ ဒါပေမယ့် ကြီးကြီးမားမား ထိခိုက်ပျက်စီးတာမရှိ ဘူးပေါ့၊ အဲဒါနဲ့ပတ်သက်ပြီးတော့ အဲဒီမှာရှိတဲ့ သံရုံး မြန်မာသံအမတ်ကြီးရယ်၊ အင်ဒိုနီးရှားမှာ ကျွန်တော်တို့ဆီက အာဆီယံ အမြဲတမ်းကိုယ်စားလှယ် ဦးမင်းလွင်ဆိုတာ ရှိတယ်၊ သူတို့တွေနဲ့ အစည်းဝေးလုပ်ပြီး အင်ဒိုနီးရှား ပြည်ထဲရေးဘက်ကိုလည်း လုံခြုံရေးအတွက် ပြောထားတယ်၊ အင်ဒိုနီးရှားက ဘာပြောလဲဆိုတော့
အမြင့်ဆုံးလုံခြုံရေးပေါ့၊ လုံလုံခြုံခြုံ လုံလောက်အောင်ထားပေးပါမယ်ဆိုပြီးတော့ နိုင်ငံအကြီးအကဲတွေက ပြောတယ်လို့ သိရတယ်၊ နောက် အင်ဒိုနီးရှားရဲ ဘက်ကိုလည်း ပြောထားတယ်၊ နောက် ဒါမျိုးထပ်မဖြစ်အောင်ပေါ့နော်၊ အဲဒါတော့ အင်ဒိုနီးရှားဘက်က တာဝန်ယူပြီးတော့ ဆောင်ရွက်မယ်လို့ သိရတယ်၊ သံရုံးကတော့ ကြီးကြီးမားမား ထိခိုက်တာမရှိဘူး"လို့ ဦးဇော်ဌေးက ပြောကြောင်း 7Day News က Facebook မှာ ရေးသားထားပါတယ်။

play


လက်ရှိမှာ အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ပိတ်ထားရန် အစီစဉ်မရှိကြောင်းလည်း ၎င်းက ဆိုပါတယ်။ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ယနေ့ (စက်တင်ဘာ ၃ ရက်) ဒေသစံတော်ချိန် မနက် ၂း၃၅ ဝန်းကျင်က မီးလောင်ဗုံးဖြင့် ပစ်ပေါက်မှုဖြစ်ခဲ့ကြောင်း စင်ကာပူအခြေစိုက် CNA သတင်းမှာ ဖော်ပြထားပါတယ်။

play


ထိုအတောအတွင်း CNA သတင်းမှာ ယနေ့ညပိုင်း ဖော်ပြမှုအရ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နိုမာဆူဒီဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး စက်တင်ဘာ ၄ ရက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမယ်လို့လည်း သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သမ္မတရုံးဝန်ကြီးဌာနဝန်ကြီး ဦးကျော်တင့်ဆွေ၊ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းတို့နဲ့လည်း တွေ့ဆုံမယ်လို့ CNA သတင်းက ပြောပါတယ်။
Source & Photo: 7Day News, AFP, CNA

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD