AD
AD
AD
play

 

သီတင်းကျွတ်ရုံးပိတ်ရက်ကာလမှာ မိသားစုတွေနဲ့ ဆုံစည်းဖို့ မန္တလေးမြို့၊ တောင်ကြီးမြို့၊ မော်လမြိုင်မြို့၊ ပုသိမ်မြို့နဲ့ ပြည်မြို့တွေကို ပြန်မယ့်သူ ၁၀ဝ၀ ဦးအတွက် Ovaltine မြန်မာက အခမဲ့ခရီးစဉ်တွေ စီစဉ်ပေးသွားမယ်လို့ အဆိုပါကုမ္ပဏီကနေ သိရပါတယ်။

အဆိုပါ အခမဲ့ခရီးစဉ်အစီအစဉ်မှာ ရန်ကုန်မြို့မှာနေထိုင်တဲ့ ဘယ်သူမဆို စက်တင်ဘာလ ၁ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကံစမ်းနိုင်ပြီး လက်မှတ်အမျိုးအစားကို သုံးမျိုးခွဲခြားထားကာ တစ်ယောက်စာ တစ်ဦးတည်း လက်မှတ်၊ နှစ်ယောက်စာ စုံတွဲလက်မှတ်နဲ့ လေးယောက်စာ မိသားစုလက်မှတ်အဖြစ် ခွဲခြားထားတယ်လို့ သိရပါတယ်။

 

ကံစမ်းမယ့်သူတွေအနေနဲ့ အိုဗာတင်း ထုတ်ကုန်တွေကို ဝယ်ယူဖို့ မလိုအပ်ဘဲ ရန်ကုန်မြို့မှာရှိတဲ့ ဈေးဝယ်စင်တာတွေမှာ ကံစမ်း မဲလက်မှတ်တွေ ရယူနိုင်တယ်လို့ Ovaltine မြန်မာကနေ သိရပါတယ်။

Source & Photos : Ovaltine

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD