AD
AD
AD
play

 

တူရကီဟက်ကာတွေက မြန်မာနိုင်ငံအပေါ် ဆိုက်ဘာစစ်ပွဲဆင်နွဲဖို့ ကြေငြာထားပြီး ဆိုက်ဘာတိုက်ခိုက်မှုတွေကို ဆက်တိုက် ဆောင်ရွက်နေရာမှာ စက်တင်ဘာ ၄ ရက် မနက် ၃ နာရီအထိ ဗဟိုဘဏ်၊ ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ သတ္တုတွင်းဝန်ကြီးဌာနတို့ရဲ့ ဝက်ဘ်ဆိုက်၂ ခု ထပ်မံတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဆိုက်ဘာတိုက်ခိုက်ခံရတဲ့ ဝက်ဘ်ဆိုက်တွေရဲ့ မူလစာမျက်နှာတွေမှာ သူတို့ပေးလိုတဲ့ အချက်အလက်တွေကို Deface တင်ခဲ့ပြီး ရခိုင်ဒေသအတွင်း လူမျိုးတုံးသတ်ဖြစ်မှုများ ချက်ခြင်းရပ်ဆိုတဲ့ စာသားတွေ ရေးသားခဲ့တာပါ။

 

ဒါ့အပြင် မအူပင်တက္ကသိုလ် ဝက်ဘ်ဆိုက်ကိုလည်း တူရကီဟက်ကာတွေက တိုက်ခိုက်ခဲ့ပြီး Deface တွေတင်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာလူငယ် UG Hacker တွေကလည်း တူရကီဝက်ဘ်ဆိုက်တွေကို ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြန်လည်ပြုလုပ်လျှက်ရှိပြီး စက်တင်ဘာလ ၂ နေ့က တူရကီဝက်ဘ်ဆိုက် ၇၀၀ ကျော်ကို ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Source : The Voice

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD