AD
AD
AD
play

 

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား နယ်နိမိတ်ခြံစည်းရိုး မိုင်ပေါင်းလေးဆယ်ကျော် ကာရန်ဖို့ကျန်ရှိနေမယ့် စီမံကိန်းကို (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်မရှိလို့ ကာရန်နိုင်ခြင်းမရှိသေးဘူးလို့ ပြည်ထဲရေး ဝန်ကြီးဌာနကနေ သိရပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ရဲ့ နယ်နိမိတ် မိုင်ပေါင်း ၁၆၈ ဒသမ ၅၇ မိုင်ကို နယ်နိမိတ်စည်းရိုး ကာရံမှုကို ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က စတင်ပြုလုပ်ခဲ့ပြီး လက်ရှိမှာ မိုင်ပေါင်း ၄၂ မိုင် ကာရံဖို့ရှိနေသေးတယ်လို့ ဒုသမ္မတ (၁) ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကာရံပြီးဖြစ်တဲ့ နယ်နိမိတ်စည်းရိုးတွေမှာလည်း ခြံစည်းရိုးပျက်စီးနေတဲ့ အခြေအနေ မှတ်တမ်းတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုဆက်လက်ကာရန်ဖို့ ကျန်ရှိနေတဲ့ မိုင်လေးဆယ်ကို လက်ရှိဘဏ္ဍာနှစ်အတွင်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်မရှိဘူးလို့ ပြည်ထဲရေး ဝန်ကြီးဌာနကနေ သိရပါတယ်။

play

 

“ခြံစည်းရိုးခတ်တဲ့ကိစ္စကို အရင်တုန်းက ပြည်ထဲရေး ဝန်ကြီးဌာနက တာဝန်ယူ လုပ်ဆောင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ခုနှစ် အချိန်မှာ ခြံစည်းရိုးခတ်ရမယ့် အကွာအဝေးသုံး ပုံနှစ်ပုံကိုဆောင်ရွက်ပြီး ဖြစ်ပါတယ်။ လုပ်ရန်ကျန်တာပေါ့။ လမ်းပန်းဆက်သွယ်ရေးခက်တဲ့ တောင်ပေါ်ဒေသ၊ အဲ့ကိုသွားဖို့လမ်းတောင်မရှိသေးတဲ့နေရာပေါ့။ အဓိက အခက်အခဲကတော့ဘတ်ဂျက်ပါပဲ။ လက်ရှိခတ်ပြီးသား ခြံစည်းရိုးတွေ ထိန်းသိမ်းတာက ပြည်ထဲရေးက ဆောင်ရွက်တယ်”လို့ နယ်စပ်ရေးရာ ဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။

 

လက်ရြှိ မန်မာ-ဘင်္ဂလားဒေ့ရ်ု ခြံစည်းရိုး ကာရန်မှုကို ပြည်ထဲရေး ဝန်ကြီးဌာနမှဘတ်ဂျက်ရေးဆွဲပြီး စီမံကိန်းတည်ဆောက်ရေး လုပ်ငန်းတွေကို ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိကာကွယ်ရေး ဝန်ကြီးဌာန စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးကနေ စီမံကိန်း အကောင်အထည်ဖော်ရတာ ဖြစ်ပါတယ်။

Source : The Voice

Photos : mizzima,reuters

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD