AD
AD
AD

 ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနဟာ သြဂုတ်လ ၂၈ ရက်နေ့ အထိ တယ်လီဖုန်းဆိုင်ရာ ဝန်ဆောင်မှု လိုင်စင်ထုတ်ပေးခဲ့တဲ့ ကုမ္ပဏီပေါင်း ၁၅၆ ခုအထိ ရှိပြီ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

play

 

သြဂုတ်လ ၃၁ ရက်နေ့  ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ဒီထုတ်ပြန်ချက်ထဲမှာ ပြည်တွင်း ပြည်ပကုမ္ပဏီများပါဝင်ခဲ့ပြီး တယ်လီဖုန်း ကိရိယာနဲ့ ဆက်စပ်ပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင် နဲ့ စမ်းသပ်ပြသခွင့် လိုင်စင်လာရောက်လျှောက် ထားသူတွေကို စိစစ်ဆောင်ရွက်ပြီး လိုင်စင်ထုတ်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဆက်လက် လျှောက်ထားလာတဲ့ ကုမ္ပဏီတွေကိုလည်း စိစစ်ပြီး လိုင်စင်များ ထုတ်ပေးသွားဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

 

လက်ရှိ ချပေးထားတဲ့ လိုင်စင်များထဲမှာ မိုဘိုင်းဖုန်းကိရိယာနှင့် ဆက်စပ်ပစ္စည်းများ ၊ လိုင်းဖုန်း PABX GDM, CDMA, WCDMA ဖုန်း စတဲ့ပစ္စည်းတွေကို ရောင်းချဝန်ဆောင်မှု လိုင်စင်များလည်း ပါရှိနေပါတယ်။ ဒါ့အပြင် တယ်လီကွန်းဆက်စပ်ပစ္စည်းများ ဖြစ်တဲ့ Server Cabinet, Work Station & Peripherals, Radio receiver, Radio transmitter အစရှိတဲ့ ပစ္စည်းရောင်းချခြင်း ၀န်ဆောင်မှုများလည်း ပါရှိတယ်လို့ သိရပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD