AD
AD
AD
play

 

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီနေ့( စက်တင်ဘာ ၄ ရက်) မနက်ပိုင်းက နေပြည်တော် ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီတွေ့ဆုံပွဲမှာ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသမှာ သြဂုတ် ၂၅ ရက်နေ့ကနေ  စတင်ဖြစ်ပွားခဲ့တဲ့ ARSA အစွန်းရောက် အကြမ်းဖက်မှု ဖြစ်စဉ်တွေရဲ့ ပကတိအခြေအနေမှန်တွေကို ဦးစွာ ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဧည့်သည်တော်ဝန်ကြီးတို့က ရခိုင်ပြည်နယ်အရေး လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်တွေကို အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ကလည်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့လယ်က မြန်မာသံရုံးကို မီးလောင်ဗုံးနဲ့ ပစ်ပေါက်မှုဖြစ်ခဲ့ပြီးနောက် မြန်မာသံရုံးလုံခြုံရေးကို အမြင့်ဆုံးအထိ ဆောင်ရွက်ပေးဖို့ အင်ဒိုနီးရှားအစိုးရက အကြောင်းကြားထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ အင်ဒိုနီးရှားသမ္မတရဲ့ စေလွှတ်ချက်အရ မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၃ ရက်နေ့ကတည်းက ရောက်ရှိနေတာ ဖြစ်ပါတယ်။

Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD