AD
AD
AD
play
ပိတ်မိနေသည့် ဒုက္ခသည်များကို ကယ်တင်လာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ။

မောင်​​တော​ဒေသကို စစ်​ဆင်​​ရေးနယ်​​မြေအဖြစ် ​ပြန်​လည်​သတ်​မှတ်​​ဖို့ ကကကြည်း ကတောင်းဆိုထားတာကို နိုင်ငံတော်သမ္မတရုံးက ခွင့်ပြုထားပြီဖြစ်တယ်လို့ သိရပါတယ်။ "ကကကြည်းက သတ်မှတ်ဖို့တောင်းတယ်။ သမ္မတရုံးက ခွင့်ပြုထားပြီး ဖြစ်ပါတယ်"လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အတည်​ပြု​ပြောဆိုထားပါတယ်။

 

မောင်တောမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ သြဂုတ်လ ၂၅ ရက်ကနေ ၃၀ ရက် အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့  ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေအကြား ထိတွေ့တိုက်ပွဲ အကြိမ် ၉၀ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမား ၃၇၀ ဦး ကိုအသေဖမ်းမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သြဂုတ် ၃၁ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

play

 

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်း နှစ်ဦး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကာ စစ်သည်တစ်ဦး ပျောက်ဆုံးနေပြီး သေနတ် ၁၁ လက်နဲ့ ခဲယမ်းမီးကျောက်တွေ ဆုံးရှုံးခဲ့ကာ ရဲတပ်ဖွဲ့ပိုင်ယာဉ် ခုနစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့  သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Source & Photos : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး, AFP

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD