play

 

လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည် တွေကို ကူညီစောင့်ရှောက်ဖို့ သီတဂူဆရာတော်ကြီးက ငွေကျပ်သိန်းတစ်ထောင် မတည်လှုဒါန်းထားတယ်လို့ သီတဂူသာသနာပြုအဖွဲ့က စက်တင်ဘာ ၃ ရက် ရက်စွဲနဲ့  ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“ဆရာတော်ကြီးက သိန်းတစ်ထောင် မတည်လှူဒါန်းထားတယ် ။ နောက်ထပ် ဒီကအလှူရှင်တွေဆီက ခေါက်ဆွဲခြောက်တို့၊ ဆန်တို့၊ ဆီတို့ ရပြီး သွားလောက်တဲ့ အနေအထားရောက်မှ ဆရာတော်ကြီးမိန့်ကြားမှ သွားရောက်လှူမှာပါ” လို့ သီတဂူသာသနာပြုအဖွဲ့ ရုံးအဖွဲ့မှူး ဦးကျော်ရှိန်က The Ladies သတင်းဌာနကို ပြောခဲ့ပါတယ်။

play

 

သီတဂူဆရာတော် ဦးဆောင်တဲ့ သီတဂူသာသနာပြုအဖွဲ့က လူမျိုးမရွေး ဘာသာမရွေး ဒုက္ခသည်အားလုံးတို့အား ကူညီစောင့်ရှောက်တဲ့ အလုပ်ကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ကာလကတည်းက ကူညီစောင့်ရှောက် ထောက်ပံ့သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

လှူဒါန်းလိုတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အ၀တ်အထည်၊ ဆန်၊ ဆီ၊ ပဲနှင့် ငါးခြောက်၊ အိမ်မိုးသွပ်၊ နို့ဆီ၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်နဲ့ အလှူငွေတွေ လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လူမျိုးရေးဘာသာရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်သူအားလုံး တို့ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ ဆူပူသောင်းကျန်း အကြမ်းဖက်မှု အားလုံးကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Source : The Ladies News

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video