AD
AD
AD
play
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကို ဆန္ဒပြနေကြစဉ်။

 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်ပနိုင်ငံတချို့မှာ ဆန့်ကျင်ဆန္ဒပြနေလို့ ပြည်ပရှိ မြန်မာသံရုံးတွေလုံခြုံရေးအတွက် အချက် သုံးချက်လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

‘‘နံပါတ် (၁)  သံရုံးလုံခြုံရေး၊ နံပါတ် (၂) သံရုံးဝန်ထမ်းတွေလုံခြုံရေး၊ နံပါတ် (၃) သံရုံးမှာရှိတဲ့ သတင်းအချက်အလက်တွေ လုံခြုံရေးပေါ့။ သံရုံးတွေကလည်း ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်ဆောင်နေတယ်။ အဓိကဘာလဲဆိုတော့ သံရုံးတွေကို ကာ ကွယ်ဖို့က သက်ဆိုင်ရာအိမ်ရှင်တွေရဲ့တာဝန်ပဲ။ အထူးသဖြင့် ဆန္ဒပြခံ နေရတဲ့သံရုံးတွေ သတိထားဖို့လိုတယ်’’လို့ ဦးဇော်ဌေးက ပြောပါတယ်။

 

လတ်တလောဖြစ်ပွားနေတဲ့ မောင်တောအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ရုရှား၊ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့ရှိ မြန်မာသံရုံးတွေကို အစ္စလာမ်ဘာသာဝင်တွေက ဆန္ဒပြကန့်ကွက်ခဲ့ပြီး အင်ဒိုနီးရှားနဲ့ မလေးရှားတို့နိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လုံခြုံရေးအထူးဂရုစိုက် သွားလာနေထိုင်ကြဖို့ သက်ဆိုင်ရာ သံရုံးအသီးသီးက သတိပေးနှိုးဆော်ထားပါတယ်။

play

 

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာမြို့က မြန်မာသံရုံးကို မီးလောင်ဗုံးနဲ့ ပစ်ပေါက်မှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်း စက်တင်ဘာ ၄ ရက်တွင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အထက်ပါအတိုင်း သတိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့တာပါ။

အစ္စလာမ်ဘာသာဝင် အများစုနေထိုင်တဲ့ နိုင်ငံတွေမှာ မြန်မာနိုင်ငံအပေါ် ဆန့်ကျင်ဆန္ဒပြတာတွေ အဆက်မပြတ်ဖြစ်ပွားနေလို့ အင်ဒိုနီးရှားနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လုံခြုံရေးကို အထူးဂရုစိုက်သွားလာနေ ထိုင်ကြဖို့နဲ့ အရေးကြီးကိစ္စရပ်တွေရှိရင် မြန်မာသံရုံးဖုန်းနံပါတ်တွေကို ဆက်သွယ်နိုင်တယ်လို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

သြဂုတ် ၂၅ ရက်ကစပြီး မောင်တောဒေသမှာ ပြန်လည်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး၊ ဝန်ထမ်းနှစ်ဦး စုစုပေါင်း ၁၅ ဦး ကျဆုံးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပြီး နယ်မြေစိုးမိုးရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်မှုကြောင့် အကြမ်းဖက်သမား ၃၇၀ ကျော် အသေဖမ်းဆီးရမိပြီး ကိုးဦးအရှင် ဖမ်းမိထားကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

Source & Photos  : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD