AD
AD
AD
play
တပ်မတော်လေမှ G 4 ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်တစ်စီး။

 

တပ်မတော်(လေ)က  လေ့ကျင့်ပျံသန်းရေးလေယာဉ်တွေဖြစ်တဲ့  G-4 ဂျက်လေယာဉ်သုံးစီးက ပုသိမ်လေဆိပ်ကနေ ဒီနေ့(စက်တင်ဘာလ ၅ ရက်) မနက်ပိုင်းမှာ လေ့ကျင့်ပျံသန်းနေတုန်း G-4 ဂျက်လေယာဉ် သုံးစီးထဲက လေယာဉ်မှူး ဗိုလ်မှူးကောင်းထိုက် မောင်းနှင်တဲ့ G-4 ဂျက်လေယာဉ် တစ်စီးက ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်နေတုန်း မနက် ၉ နာရီ ၁၈ မိနစ်မှာ ပုသိမ်မြို့ရဲ့ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ ၃၆ မိုင်ခန့်အကွာမှာ ပုသိမ်လေဆိပ်နဲ့ နောက်ဆုံးအဆက်အသွယ် ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးသွားတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

 

အဆိုပါပျောက်ဆုံး G-4 ဂျက်လေယာဉ်ကို မြေပြင်တပ်တွေနဲ့ တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်တွေက  ရှာဖွေရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့  သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။

Source : တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

Photo : Aeroflight

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD