မြန်မာနိုင်ငံမှာရှိတဲ့ ၀က်ဘ်ဆိုက်တွေအနေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေဖြစ်ပေါ်လို့ရှိရင် နည်းပညာ အကူအညီရယူနိုင်ဖို့ မြန်မာနိုင်ငံကွန်ပျူတာ အရေးပေါ် တုံ့ပြန်မှုအဖွဲ့ (mmCERT) ကိုဆက်သွယ်နိုင် တယ်လို့ သိရပါတယ်။

play

 

ရခိုင်ပြည်နယ်အရေးနဲ့ ဆက်နွယ်ပြီး စက်တင်ဘာလဆန်းပိုင်းအတွင်း တူရကီဟက်ကာများ ရဲ့ တိုက်ခိုက်မှုကြောင့် သစ်တောဌာန နှင့်အပူပိုင်းဒေသ စိမ်းလန်းစိုပြေရေး ဦးစီးဌာနအပါအဝင် မြန်မာအစိုးရ ဝက်ဘ်ဆိုက် ၅ ခု Deface ကျသွားခဲ့ပါတယ်။ ဒီနောက် ယင်းဝက်ဘ်ဆိုက် ၅ ခုကို mmCERT မှ ပြန်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

ပြည်တွင်းမှာ ဆိုင်ဘာတိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာပါက သတင်းအချက်အလက်နှင့်ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၊ ဖုန်း ၀၁ ၆၅၀၈၉၁၊ ၀၆၇ ၃၄၂၂၆၃၃ နဲ့ အီးမေးလ် technicalteam@mmcert.org.mm တို့ ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video