AD
AD
AD
play


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများက အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်နေချိန်နဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံကျင်းပရန်ရှိနေတဲ့ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ အတွင်းပိုင်းဒေသများမှာ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်တွေ အချိန်ကိုက်လုပ်ဆောင်ရန် အကြမ်းဖက်မှု အားပေးထောက်ခံတဲ့ ပြည်ပနိုင်ငံတစ်ခုမှာ စီစဉ်နေမှုနဲ့ ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက Facebook စာမျက်နှာမှာ အသိပေးနှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။

play


မြန်မာနိုင်ငံအတွင်း အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်သွားရန် အခြေစိုက် စီစဉ်နေတဲ့ နိုင်ငံရဲ့အမည်ကိုတော့ အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်း မရှိပါဘူး။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ အဆိုပါနိုင်ငံမှာ မြန်မာနိုင်ငံကနေ သွားရောက်အလုပ်လုပ်နေတဲ့ အလုပ်သမားအချို့အား လွန်ခဲ့တဲ့ ၄ လခန့်ကတည်းက အခြားနိုင်ငံ တစ်နိုင်ငံသို့ အကြမ်းဖက်သင်တန်းများ စေလွှတ်သင်ကြားစေခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်သင်တန်း သင်ကြားပေးတဲ့ အဖွဲ့တွေဟာ ဒေသန္တရပစ္စည်းများနဲ့ မိုင်းလုပ်နည်းများကို ကျွမ်းကျင်ကြသူများ ဖြစ်ကြောင်း သိရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


မြန်မာနိုင်ငံအတွင်း အကြမ်းဖက်တိုက်ခိုက်ရန် ပြင်ဆင်နေသူတွေက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသကို ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး ကမ္ဘာက ပိုမိုအာရုံစိုက်လာစေရန်နဲ့ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်မှုကို ထောက်ခံမှုရရှိစေရန် ရည်ရွယ်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းတို့က မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးများဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် အပါအဝင် အခြား မြို့ကြီးတွေမှာ အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပြောထားပါတယ်။

ထိုအခြေအနေများကြောင့် မြန်မာနိုင်ငံတဝှမ်းရှိ မြို့နယ်၊ ကျေးရွာများအလိုက် ပြည်သူလူထု တစ်ရပ်လုံးက ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုသတင်းများ၊ ဖောက်ခွဲရေးသုံးပစ္စည်းများ အထူးသဖြင့် အမိုနီယမ်နိုက်ထရိတ်(ပုလဲဓာတ်မြေသြဇာ) တရားမဝင်စုဆောင်းနေမှုများကို သိရှိရပါက နီးစပ်ရာ တပ်စခန်း၊ ရဲစခန်းများနှင့် တပ်ဌာနချုပ်များသို့ အကြောင်းကြားသွားကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက အသိပေးနှိုးဆော်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD