AD
AD
AD
play

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၅ ရက် မွန်းလွဲ ၂ နာရီမှာ တူရကီသမ္မတတေယစ် အာဒိုဂန်ရဲ့ တယ်လီဖုန်းခေါ်ဆိုမှုကို လက်ခံပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်တွေကို အပြန်အလှန် ဆွေးနွေးကြတယ်လို့ သိရပါတယ်။

တူရကီသမ္မတမစ္စတာအာဒိုဂန်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေနဲ့စပ်လျဉ်းပြီး တယ်လီဖုန်းခေါ်ဆိုခဲ့တာဖြစ်ပြီး နှစ်ပေါင်းများစွာ စိန်ခေါ်မှုအများအပြားကို ကျော်ဖြတ်ပြီး လူ့အခွင့်အရေး အပြောင်းအလဲတွေ ဆောင်ရွက်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့  ရခိုင်အရေးကိစ္စကို အမြော်အမြင်နဲ့ ချဉ်းကပ်ဆောင်ရွက်မယ်လို့ ဟုယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအကာအကွယ်တွေ ပိတ်ပင်ခံရတာရဲ့ ဆိုလိုရင်းသဘောကို ကောင်းစွာသိရှိနားလည်ပြီး အစဉ်အမြဲအလေးထားကြောင်း၊ ဒါ့ကြောင့် မြန်မာနိုင်ငံထဲက ပြည်သူအားလုံးရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ ကြိုးပမ်းဆောင်ရွက်နေကာ နိုင်ငံရေးဆိုင်ရာအခွင့်အရေး သာမကလူမှုရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခွင့်အရေးတွေကို မြှင့်တင်နေတဲ့အပြင် ရခိုင်ပြည်နယ်က ပြည်သူအားလုံးအတွက် အဖြစ်နိုင်ဆုံးနည်းလမ်းနဲ့ ကာကွယ်မှုပေးနိုင်ဖို့ စတင်ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။

play

 

ဒါ့အပြင် တူရကီဒုတိယဝန်ကြီးချုပ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်က သတင်းအမှားတွေထုနဲ့ထည်နှင့် ပြန့်နှံ့နေတာကြောင့် ကြီးမားတဲ့ ပြဿနာရဲ့ မြင်သာသော (The Tip of a huge Iceberg of Misinformation) အစိတ်အပိုင်းတစ်ခုသာ ဖြစ်ကြောင်း၊ ဒီလို သတင်းဓါတ်ပုံအမှားတွေကို မတူညီသောအသိုင်းအဝိုင်းတွေအကြား ပြဿနာအများအပြား ဖြစ်ပွားစေဖို့နဲ့ အကြမ်းဖက်သမားတွေ အကျိုးဖြစ်ထွန်းစေဖို့ ရည်ရွယ်ချက်နဲ့  ဖန်တီးနေတာကိုမှန်းဆကြည့်နိုင်ကြောင်း၊ တူရကီနိုင်ငံအနေနဲ့ ပီကေကေ (the Kurdistan Workers' Partyor PKK -Kurdish: PartiyaKarkerên Kurdistan) ကို နှိမ်နင်းခဲ့ရလို့ အကြမ်းဖက်ဝါဒရဲ့ စိန်ခေါ်မှုတွေကို ကောင်းစွာနားလည်မယ်လို့ ယုံကြည်ကြောင်းလည်း နိုင်ငံတောအတိုင်ပင်ခံက ပြောခဲ့ပါတယ်။

 

အကြမ်းဖက်သမားတွေကို ရင်ဆိုင်ရတာက အတွေ့အကြုံအသစ် ဖြစ်ပေမယ့် အဆိုအကြမ်းဖက်ဝါဒ ပိုမိုကျယ်ပြန့်မလာစေဖို့နဲ့ ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးကို ပြန့်နှံ့မသွားနိုင်စေဖို့အပြင် အကြမ်းဖက်ဝါဒ မြန်မာနိုင်ငံမှာ အမြစ်မတွယ်စေရေးအတွက် ကမ္ဘာတစ်ဝှမ်းမှ မိတ်ဆွေတွေနဲ့  ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က တူရကီသမ္မတကို ပြောခဲ့ပါတယ်။

Source : Information Committe

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD