AD
AD
AD
play
ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာကျင်းပမယ့် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၂ ရက်မှာ စတင်ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံနဲ့အတူ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဒုဝန်ကြီးစတဲ့ အဆင့်မြင့်အရာရှိကြီးတွေ လိုက်ပါကြမယ့်လို့ အတိုင်ပင်ခံရုံး အကြီးတန်းအရာရှိက 7Day Daily သတင်းစာကို ပြောပါတယ်။

 

ကုလသမဂ္ဂအထွေထွေညီလာခံကို နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ စက်တင်ဘာ ၁၂ ကနေ ၂၅ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် စတင်ထွက်ခွာရမယ့်ရက်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေတွေနဲ့ ပတ်သက်ပြီး ဩဂုတ် ၃၀ ရက်က ပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ တံခါးပိတ်ဆွေးနွေးခဲ့ပြီး ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထောက်ခံခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ပြီး အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းပြောကြားခဲ့ကာ အမေရိကန်သမ္မတ အိုဘားမားနဲ့လည်း အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အဆိုအမေရိကန်ခရီးစဉ် မတိုင်ခင် ဗြိတိန်နိုင်ငံကို သွားရောက်ခဲ့ပြီး ၂၀၁၆ စက်တင်ဘာ ၁၀ ရက်က စတင်ခဲ့တဲ့ ခရီးစဉ်က စက်တင်ဘာ ၂၅ ရက်မှာ အဆုံးသတ်ပြီး ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။

Source : 7DayDaily

Photo : UN

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD