AD
AD
AD
play

အိန္ဒိယ၀န်ကြီးချုပ် နာရင်ဒြာမိုဒီနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က် လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကို နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဖို့ ကတိပြုလိုက်တယ်လို့ သိရပါတယ်။

ဒီနေ့မနက်ပိုင်းက နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ၀န်ကြီးချုပ်မိုဒီနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေက အခုလိုကတိပြုခဲ့ကြတာဖြစ်ပြီး အခြေခံအဆောက်အအုံဆိုင်ရာ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ၊ အိန္ဒိယမှာ မြန်မာကျောင်းသားတွေအတွက် အဆင့်မြင့်ပညာရပ်တွေ  လေ့ကျင့်သင်ကြားပေးရေးစတဲ့ အရေးကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

"တန်ဖိုးမဖြတ်နိုင်တဲ့ သူငယ်ချင်းမိတ်ဆွေတစ်ဦးနဲ့ တွေ့ဆုံခြင်း၊ ၀န်ကြီးချုပ်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်" ဆိုပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Raveesh Kumar က သူ့ရဲ့တွစ်တာမှာ ရေးသားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန်မှာပဲ အိန္ဒိယ၀န်ကြီးချုပ်မိုဒီ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ၀န်ကြီးချုပ်မိုဒီနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့က  အကြမ်းဖက်ချိတ်ဆက်မှု၊ တရားမ၀င်ရွှေ့ပြောင်းသွားလာမှုတွေ အပါအ၀င် ဘင်္ဂလီပြဿနာနဲ့ပတ်သက်တာတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘင်္ဂလီရွှေ့ပြောင်းသွားလာသူတွေနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရက စိုးရိမ်ပူပန်နေကာ နိုင်ငံထဲမှာ တရားမ၀င်နေထိုင်နေတဲ့ ဘင်္ဂလီ ၄၀,၀၀၀ ကို နယ်နှင်ဖို့ ဒေလီအစိုးရဘက်က စဉ်းစားနေတယ်လို့ အိန္ဒိယ ပြည်ထဲရေးဒုဝန်ကြီး Khiren Rijjuju က မကြာသေးခင်က ပြောထားပါတယ်။

Source : Mizzima

Photo : State Counsellor Office

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD