play

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ကျပ်တစ်သိန်းတန်ငွေစက္ကူတွေ ထုတ်ဝေတော့မယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံနေတဲ့ သတင်းတွေက မဟုတ်မှန်ဘူးလို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်းက မြန်မာတိုင်းမ်သတင်းဌာနကို ပြောလိုက်ပါတယ်။

''သတင်းတွေ ထွက်တာတွေ့ပေမယ့် မဟုတ်ပါဘူး။ ပုံတွေကိုလည်း ကြည့်ကြည့်ပါ လင်းယုန်တွေ၊ ဘာတွေနဲ့ မဟုတ်ပါဘူး''လို့ ဦးအောင်ကျော်သန်းက ပြောပါတယ်။

လွန်ခဲ့တဲ့ သြဂုတ်လကုန်နဲ့ စက်တင်ဘာလဆန်းကနေစပြီး လူမှုကွန်ရက်စာမျက်နှာထက်မှာ ဗဟိုဘဏ်ကနေ ကျပ်တစ်သိန်းတန်နဲ့ ကျပ်ငါးသောင်းတန် ငွေစက္ကူတွေ ဖြန့်ဝေတော့မယ်ဆိုတဲ့ သတင်းတွေပျံ့နှံ့ခဲ့ပြီး ဗဟိုဘဏ်က ဖြန့်ချိတော့မယ်ဆိုတဲ့ ကျပ်တစ်သိန်းတန်ငွေစက္ကူ ဓာတ်ပုံတစ်ပုံ ပေါ်ထွက်လာခဲ့တာပါ။

 

မြန်မာငွေစက္ကူတွေထဲမှာ တန်ဖိုးအမြင့်ဆုံး ကျပ်တစ်သောင်းတန် ငွေစက္ကူကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂ဝ၁၂ ခုနှစ် ဇွန် ၁၅ ရက်မှာ စတင်ထုတ် ဝေခဲ့ပြီး ငွေစက္ကူတွေ လုံခြုံရေးနဲ့ အရည်အသွေးပိုမိုကောင်းမွန်စေဖို့ ကျပ်တစ်သောင်းတန် ငွေစက္ကူသစ်ကို ၂ဝ၁၅ ခုနှစ် ဇူလိုင် ၁ ရက်မှာ ဗဟိုဘဏ်ကနေ ဖြန့်ချိခဲ့ပါတယ်။


ပြည်သူတွေကနေ ဘဏ်တွေကို လာရောက်အပ်နှံတဲ့ငွေတွေမှာ ကျပ်တစ်သောင်းတန်နဲ့ ကျပ်ငါးထောင်တန် ငွေစက္ကူအတုတွေကို မကြာခဏ တွေ့နေရလို့ ဘဏ်တွေက သိမ်းဆည်းပြီး သက်ဆိုင်ရာ မြို့နယ်ရဲစခန်းတွေကို အပ်နှံနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
Source & Photo : The Myanmar Times

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video