AD
AD
AD
play

 

လာမယ့် ၂၀၁၈ ခုနှစ်အတွင်း အငြိမ်းစားယူမယ့် ဝန်ထမ်းတွေ အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်ဖို့ နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းကိုခြောက်လအတွင်း အပြီးဆောက်သွားမယ်လို့ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနကနေ သိရပါတယ်။

ဒီစီမံကိန်းကို ဒဂုံဆိပ်ကမ်းမြို့နယ် ရွှေလီလမ်းနဲ့ မြနန္ဒာလမ်းထောင့်မှာ ဒီနှစ် ပွင့်လင်းရာသီကနေစတင် တည်ဆောက်သွားမှာဖြစ်ကာ ပန္နက်တင် အခမ်းအနားကို ၂၀၁၇ ခုနှစ် ဩဂုတ်လ နောက်ဆုံးပတ်က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအိမ်ရာစီမံကိန်းမှာ တိုက်အလုံးပေါင်း ၁၀ဝ ကျော်ပါဝင်ပြီး အခန်းပေါင်း ၄၀ဝ၀ ပတ်ဝန်းကျင် ပါဝင်မယ်လို့  မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးယုခိုင်က ပြောပါတယ်။

 

“နိုင်ငံ့ဝန်ထမ်းအိမ်ရာ စီမံကိန်းကိုအမြန်ဆုံးဆောက်ဖို့ညွှန်ကြားထားတယ်။ အခုလက်ရှိမြေတိုင်းတာတွေ လုပ်နေတယ်။ လက်ရှိတည်ဆောက်ဖို့ပုံဒီဇိုင်းတွေ ထုတ်နေတယ်။ ၂၀၁၈ မတ်လမှာ အပြီးဆောက်ဖို့မှန်းထားတယ်”လို့ ဦးယုခိုင်က ပြောပါတယ်။

အဆိုပါဝန်ထမ်းအိမ်ရာကို ရန်ုကုန်တိုင်းအစိုးရကြီးအစီအစဉ်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းနဲ့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြေဧက ၁၈၃ ဒသမ ၅၃ ဧကပေါ်မှာ တည်ဆောက်သွားမှာဖြစ်ကာ ကျောင်း၊ ဆေးခန်းနဲ့ဈေးကိုပါ ထည့်သွင်း ဆောက်လုပ်သွားမယ်လို့ သိရပါတယ်။

တိုက်ခန်းတန်ဖိုးတွေကို ကျပ်သိန်း ၇၀ ကနေ သိန်း ၁၀ဝ ကျော်အထိ သတ်မှတ်ထားကာ အိမ်ရာစီမံကိန်း ဝယ်ယူမယ့် ၀န်ထမ်းတွေအနေနဲ့ တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကိုပေးသွင်းပြီး ကျန်ရှိတဲ့ ၇၀ ရာခိုင်နှုန်းကို ၁၅ နှစ်အရစ်ကျ ပေးသွင်းရမှာ ဖြစ်ပါတယ်။

Source : The Voice

Photo : Wai Linn

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD