play

 

လက်ရှိဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေကြောင့် ပြည်သူတွေ စိုးရိမ်နေတဲ့အချိန်မှာ သွေးထိုးလှုံ့ဆော်ပြီး ပဋိပက္ခဖန်တီးမယ့် အန္တရာယ် ကို ထိထိရောက်ရောက် အရေးယူဖို့ နိုင်ငံတော်သမ္မတဦးထင်ကျော်က ညွှန်ကြားခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

နေပြည်တော်မှာ စက်တင်ဘာလ ၆ ရက် ညနေ ၃ နာခွဲက ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်အရေးကိစ္စတွေနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာတွေ ရှင်းလင်းတင်ပြတဲ့ အခမ်းအနား နိဂုံးချုပ်အမှာစကားမှာ နိုင်ငံတော်သမ္မတက အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

"အကြမ်းဖက်မှုတွေ မဖြစ်ပွားစေရေးဖို့ ကြိုတင်ကာကွယ်ဖို့ လိုအပ်သလို တစ်ဖက်မှာလည်း ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုများကို အခွင့်ကောင်းယူပြီး သွေးထိုးလှုံ့ဆော်မယ့်သူတွေကို အချိန်မီဟန့်တားနိုင်ရေး၊ တရားဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူသွားရမှာဖြစ်ပါတယ်"လို့ နိုင်ငံတော်သမ္မတက ပြောခဲ့ပါတယ်။

play

 

ရခိုင်ပြည်နယ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးပြုလုပ်တဲ့ ဒီအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဦးဆောင်ပြီး ဒုတိယသမ္မတ ၂ ဦး၊ အမျိုးသားလွှတ်တော်ဥက္ကဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အစိုးရဝန်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။

 

ဒီဆွေးနွေးပွဲမှာ မြန်မာ-ဘင်္ဂလားဒေရှ့် နယ်စပ်ခြံစည်းရိုး ပျက်စီးနေတဲ့နေရာ အမြန်ဆုံးပြုပြင်ဆောင်ရွက်ဖို့၊ အဆင့်မီလုံခြုံအောင် အမြန်ဆုံးကာရံဖို့နဲ့ လိုအပ်တဲ့ဘဏ္ဍာငွေကို ချက်ချင်းဖြည့်ဆည်းဖို့အပါအ၀င် နယ်စပ်လုံခြုံရေးအားနည်းတဲ့ နေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုံလောက်အောင်ချဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုမှာ ပါဝင်သူတွေကို ဥပဒေနဲ့အညီ ဖော်ထုတ်အရေးယူသွားရေး လူမျိုးဘာသာ မခွဲခြားဘဲ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေဆက်လက်ပေးကြဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒုသမ္မတ ဦးမြင့်ဆွေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့က ဆွေးနွေးကြတယ်လို့ ကြေညာချက်အရ သိရပါတယ်။

Source : President Office

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video