AD
AD
AD
play

 

ဒဂုံမြို့သစ်(တောင်ပိုင်း) အမှတ် ၆၆ ရပ်ကွက်မှာ တစ်လမ်းတည်းနေ ညီအစ်ကိုနှစ်ဦးကို အိမ်ပေါ်တက်ပြီး ဓားနဲ့ထိုးသတ်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ နှစ်လောင်းပြိုင် လူသတ်မှု ကျူးလွန်ခဲ့တဲ့ အသက် (၂၄)နှစ်အရွယ်ရှိ တရားခံရာကွတ် (ခ) လှမျိုးနိုင်ကို ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး (၁၃) က ကြိုတင် ကြံရွယ်ချက်နဲ့ လူသတ်မှုကျူးလွန်တဲ့ ပုဒ်မ ၃၀၂(၁)(ခ) နဲ့ စက်တင်ဘာ ၆ ရက်မှာ အမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၆ ဖေဖော် ဝါရီ ၁၃ ရက်က ဒဂုံမြို့သစ် (တောင်ပိုင်း) (၆၆)ရပ်ကွက် ဗန္ဓုလ (၁) လမ်းမှာ တစ်လမ်းတည်းနေသူချင်း အိမ်ပေါ်တက်ကာ ဓား နဲ့ထိုးသတ်မှု ဖြစ်ပွားခဲ့တာပါ။

 

သေဆုံးခဲ့တဲ့ ညီအစ်ကိုနှစ်ဦးအနက် အစ်ကိုဖြစ်သူက လူသတ်မှုကျူးလွန်သူရဲ့ အစ်မကို နောက်ပြောင်ခဲ့လို့ မကျေနပ်ဖြစ်ပြီး နေအိမ်ပေါ်တက်ကာ ဓားနဲ့ခုတ်နေတုန်း အပြင်ကနေ ပြန်ရောက်လာတဲ့ ညီဖြစ်သူကိုပါ ဓားနဲ့ ထပ်ထိုးခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ နှစ်ဦးက အသက် (၂၆)အရွယ် ကိုကျော်ကျော်နဲ့ (၂၀) အရွယ်ရှိ အောင်ပိုင်ဦးတို့ဖြစ်ကာ ပြစ်မှုကျူးလွန်သူက ဓားနဲ့ အချက်ပေါင်း များစွာ ဆင့်ထိုးခဲ့တာ ဖြစ်ပါတယ်။ တရားခံ လှမျိုးနိုင်ကို ဒဂုံတောင် (၂၀) ရပ်ကွက်မှာ ဖမ်းမိခဲ့ပြီး ဒဂုံတောင်မြို့မရဲစခန်းက လူသတ်မှုနဲ့ အမှုဖွင့် အရေးယူခဲ့တာပါ။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD