AD
AD
AD
play

 

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသားတွေအတွက် အခမဲ့ဗီဇာပေးအပ်မယ့် အစီအစဉ် စတင်တော့မယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ပြောလိုက်ပါတယ်။

စက်တင်ဘာ ၆ ရက်က နေ ပြည်တော်မှာရှိတဲ့ သမ္မတအိမ်တော်မှာ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး မီဒီယာရှင်းလင်းပွဲမှာ အိန္ဒိယဝန်ကြီးချုပ်က အခုလိုပြောဆိုခဲ့တာပါ။

အိန္ဒိယနဲ့ မြန်မာနိုင်ငံက ဘက်စုံပါဝင်တဲ့ ဖွံ့ဖြိုးရေးမိတ်ဖက်ဆောင်ရွက်ချက်အရ အဆင့်မြင့်ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ သုတေသနနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အိန္ဒိယဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

 

အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ တွေ့ဆုံမှုမှာ မောင်တောဒေသအကြမ်းဖက် ဖြစ်စဉ်တွေအားလုံးကို နိုင်ငံတကာကို အသိပေးနိုင်ရေး အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနဲ့ နယ်စပ်ရေးရာကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ပြီး အိန္ဒိယ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသား ၄၀ ဦးကို လွှတ်ပေးမယ်လို့လည်း အိန္ဒိယဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

Source : 7DayDaily

Photo : AP

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD