play

 

နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ ARSA အကြမ်းဖက်အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်မှာကို ပြည်သူတွေ အနေနဲ့ စိတ်ပူဖို့မလိုဘဲ အစိုးရက လုံခြုံရေး တာဝန်ယူဆောင်ရွက်နေတယ်လို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောပါတယ်။

‘‘ဒါကို ပြည်သူလူထုက စိတ် ပူပန်စရာမရှိပါဘူး။ အစိုးရအနေ နဲ့ ဒီကိစ္စကို လုံခြုံရေးအတွက် တာဝန်ယူဆောင်ရွက်နေပါတယ်။ စိတ်အေးလက်အေးနေပါ’’လို့ ဦးသောင်းထွန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် ပြည်ပနိုင်ငံတချို့မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေပြီး ပြည်ပမီဒီယာတချို့မှာ ဘင်္ဂါလီတွေ သတ်ဖြတ်ခံရကာ ကလေးငယ်တွေ ခေါင်းဖြတ်အသတ်ခံရတယ်လို့ ရေးသားဖော်ပြမှုတွေကြောင့် မြန်မာနိုင်ငံကို ပြန်လည်တုံ့ပြန် နိုင်လို့ မြို့ကြီးတွေမှာ အကြမ်းဖက်တွေက ဖောက်ခွဲတိုက်ခိုက်မယ့် သတင်းကို ထုတ်ပြန်ရတာလို့ ဦးသောင်းထွန်းက ပြောပါတယ်။

play

 

‘‘အဓိကက စိုးရိမ်ပူပန်စရာ အများကြီးမရှိဘူး။ ဒါပေမဲ့ သတိထားတာတော့ မမှားဘူး။ ထူးခြားတယ်။ ထူးဆန်းတယ်။ လှုပ်ရှားမှုတွေ ထူးခြားရင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့အစည်း၊ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကို ဆက်စပ်ပြီး ဆောင်ရွက်စေချင်တယ်။ မလိုလားအပ်ဘဲ ကိုယ့်ဟာနဲ့ကိုယ် ဆုံးဖြတ်တာမဖြစ်စေချင်ဘူး"လို့ နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးဇော်ခင်အောင်က ပြောပါတယ်။

 

စက်တင်ဘာ ၆ ရက် နေ့လည်က နိုင်ငံတော်အတိုင်ပင်ခံရုံးမှာ ရခိုင်ပြည်နယ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့သုံးဦးက ရှင်းလင်းခဲ့ပါတယ်။

ဩဂုတ် ၂၅ ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ မောင်တောဒေသ အကြမ်းဖက်ခံရမှုဖြစ်စဉ်မှာ အကြမ်းဖက် ၃၇၁ ဦးသေဆုံးပြီး အရှင်ဖမ်းမိသူ ၃၈ ဦးရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာတွေကို ပြောကြားထားပါတယ်။

Source : 7DayDaily

Photos : Information Committe 

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video