play

 

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ မောင်တောဒေသက နေအိမ်မီးရှို့နေတဲ့ ဓာတ်ပုံတွေကိစ္စကို အမှုမှန်ပေါ်တဲ့အထိ စုံစမ်းစစ်ဆေးဖော်ထုတ်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

 

"အွန်လိုင်းမှာ ပြန့်နှံ့နေတဲ့ မောင်တောမှာ မီးရှို့တယ် ဆိုတဲ့ ဓါတ်ပုံတွေနဲ့ ပတ်သက်လို့ စိစစ်မှုတွေ ဆောင်ရွက်နေပါတယ်။ ဒီနေရာမှာ Fake News တွေနဲ့ မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားအောင် လုပ်ဆောင်နေတာတွေကို ရင်ဆိုင်နေရပေမယ့် မုသားနဲ့ ပြန်ပြီး တုံ့ပြန်ဖို့ မလိုပါဘူး" လို့ ဦးဇော်ဌေးက ရေးသားထားပါတယ်။

play

 

အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး မီးရှို့တဲ့သူတွေကို အမြန်ဆုံးဖမ်းဆီးအရေးယူသွားမှာ ဖြစ်ကာ လုပ်ကြံပြီး မီးရှို့တယ်ဆိုရင် ပူးပေါင်းပါဝင်တဲ့သူတွေကို ဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

နောက်ဆုံးရရှိတဲ့ သတင်းတွေအရ ကိုယ်တိုင်ဖုန်းကင်မရာနဲ့ ရိုက်ကူးတယ်လို့ ထွက်ဆိုသူကို ခရိုင်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင်စစ်ဆေးမှုတွေ ပြုလုပ်နေကာ ဓါတ်ပုံထဲမှာ ပါဝင်နေတဲ့ မီးရှို့သူတွေကို ဖော်ထုတ် စစ်ဆေးနိုင်ဖို့ ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source : Zaw Htay Facebook

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video