AD
AD
AD
play

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံဖို့ အစိုးရက ဘဏ္ဍာငွေမရရအောင် ရှာမှာဖြစ်ပြီး လူထုဆီက အလှူငွေမလိုအပ်ဘူးလို့  နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

နိုင်ငံတော်သမ္မတ အိမ်တော်မှာ စက်တင်ဘာလ ၆ ရက်က ကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ် အရေးကိစ္စတွေနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာများ ရှင်းလင်းတင်ပြတဲ့ အခမ်းအနားမှာ အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

လက်ရှိပျက်စီးနေတဲ့ နယ်စပ်ခြံစည်းရိုး နေရာတွေကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ဖို့နဲ့ ကျန်ရှိတဲ့ နေရာတွေကို အဆင့်မီလုံခြုံပြီး အမြန် ဆုံးကာဖို့ လိုအပ်တဲ့ ဘဏ္ဍာငွေကို အစိုးရက ဖြည့်ဆည်းပေးမယ်လို့ နိုင်ငံပိုင်သတင်းဌာနတွေက စက်တင်ဘာ ၇ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

play

 

သြဂုတ်လ ၂၅ ရက်က မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး အစိတ်အပိုင်းတွေကို ကာဖို့ အစိုးရမှာ ဘဏ္ဍာငွေမရှိရင် ပြည်သူလူထုက လှူဒါန်းမယ်လို့ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့် ရေးသားပြောဆိုခဲ့ကြတာပါ။

နယ်စပ်ခြံစည်းရိုး ကာရံခြင်းကို စက်တင်ဘာ ၆ ရက်တွင် စတင်လုပ်ဆောင်နေပြီဖြစ်ပြီး အစိုးရအနေနဲ့ ခြံစည်းရိုးကာရံတဲ့ကိစ္စကို နိုင်နင်းအောင် လုပ်ဆောင်မှာဖြစ်လို့  လူထုဆီက အလှူငွေမလိုအပ်ဘူးလို့ ဆိုပါတယ်။

မိုင် ၁၇၀ လောက်ရှည်တဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် ခြံစည်းရိုးကာဖို့ ၄၂ မိုင်လောက်ကျန်နေသေးတယ်လို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပြီး အချို့နေရာတွေမှာလည်း ပျက်စီးနေတယ်လို့ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။  

Source : 7DayDaily

Photos : afp,reuters

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD