AD
AD
AD
play

 

တူရကီနဲ့ မြန်မာဖြစ်ပွားနေတဲ့ ဆိုက်ဘာတိုက်ပွဲထဲကို အင်ဒိုနီးရှားနိုင်ငံဝင်ပါလာခဲ့ပြီး မြန်မာသမ္မတရုံးဝက်ဘ်ဆိုက်ကို DDoS တိုက်ခိုက်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၈ ရက် မနက် ၁၂ နာရီ ၈ မိနစ် အချိန်နောက်ဆုံးရရှိတဲ့ သတင်းတွေအရ မြန်မာသမ္မတရုံး ဝက်ဘ်ဆိုက်ကိုဝင်ကြည့်လို့ မရဘဲ ဖြစ်နေပြီး Anonymous Indonesia အမည်ရှိဟက်ကာအဖွဲ့က သူတို့ရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

 

DDoS တိုက်ခိုက်မှုက တိုက်ခိုက်ခံရတဲ့ ဝက်ဘ်ဆိုက်ကို အသုံးပြုသူတွေက ဝိုင်းဝန်းကာ ချိတ်ဆက်တဲ့ပုံစံနဲ့ အကြိမ်ကြိမ်ချိတ်ဆက်တာဖြစ်ပြီး အမှန်တကယ် အသုံးပြုလိုသူတွေအတွက် ဝက်ဘ်ဆိုက်ရဲ့ တုံ့ပြန်နိုင်မှုကို ရပ်ဆိုင်းစေဖို့ ရည်ရွယ်တိုက်ခိုက်တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား ဟက်ကာတွေက တိုက်ခိုက်ပြီးနောက်ပိုင်းမှာ “ဗမာပြည်ကိုကယ်တင်ပါ၊ ဘင်္ဂါလီများကိုကယ်တင်ပါ၊ လူမျိုးတုံး သတ်ဖြတ်မှုရပ်၊ နိုဘယ်ဆုကို ပြန်အပ်ပါ” စတဲ့ အကြောင်းအရာတွေကို သူတို့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားပြီး ဝက်ဘ်ဆိုက်ရဲ့ လုံခြုံရေးယိုပေါက်ကို ရှာဖွေတိုက်ခိုက်တာ မဟုတ်လို့ သမ္မတရုံးဝက်ဘ်ဆိုက်ကို Deface ပြုလုပ်ပြီး ဝက်ဘ်ဆိုက်စာမျက်နှာမှာ ရေးသားနိုင်ခြင်း မရှိပါဘူး။

Source & Photo : The Voice

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD