play

 

အနောက်တောင်မုတ်သုံလေက စက်တင်ဘာလကုန်မှာ အပြီးသတ်ဆုတ်ခွာနိုင်ပြီး မိုးကြိုးပစ်တာတွေနဲ့ လေပြင်းကျတာတွေ ဖြစ်တတ်တဲ့ မိုးတိမ် တောင်အန္တရာယ်ကို စက်တင်ဘာတစ်လလုံးသတိပြုဖို့ မိုးလေဝသ ပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

‘‘မုတ်သုံလေက ဆုတ်ခွာတဲ့ လမ်းကြောင်းတွေမှာ တစ်ပတ်လောက်ကြာအောင် မိုးတိမ်တောင်ဖြစ်တတ်တယ်။ မြောက်ပိုင်းဒေသတွေကနေ ဖြတ်ပြီးရင် အလယ်ပိုင်း၊ မြစ်ဝကျွန်းပေါ်နဲ့ နောက်ဆုံးက တောင်ပိုင်းဒေသ တွေအတိုင်း ဆုတ်ခွာတဲ့ လမ်း ကြောင်းတစ်လျှောက် သတိထား ရမယ်’’လို့ ဒေါက်တာထွန်းလွင်က သတိပေးထားပါတယ်။

 

အနောက်တောင်မုတ်သုံလေက မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေမှာ အခုရက်ပိုင်းအတွင်း စတင်ဆုတ်ခွာမည်ဖြစ်ကာ အလယ်ပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသနဲ့ တောင်ပိုင်းဒေသတွေကို တစ်ဆင့်ချင်းဖြတ်ကျော်မယ်လို့ ဆိုပါတယ်။

လတ်တလော ရာသီဥတုအခြေအနေအရ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ မိုးတိမ်တောင် အန္တရာယ်ရှိနေတယ်လို့ ဒေါက်တာထွန်းလွင်က ပြောပါတယ်။

မိုးတိမ်တောင်ဖြစ်စဉ်က အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်တဲ့မိုးဦးကာလနဲ့ ပြန်လည်ဆုတ်ခွာတဲ့ မိုးနှောင်းကာလမှာ အဖြစ်များပြီး မြန်မာနိုင်ငံမှာ ယခုနှစ်မိုးရာသီအတွင်း မိုးကြိုးပစ်ခံရလို့ သေဆုံးသူ ၈၀ ဦးခန့်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

Photo : U Tun Lwin Facebook

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video