AD
AD
AD
play

 

အူရီဒူးမြန်မာက “မိနစ်များများပြောလေ အူရီဒူးကများများလှူပေးလေ” ဆိုတဲ့ လူမှုအကျိုးပြုအစီအစဉ်သစ်ကို မကွေးတိုင်းဒေသကြီးထဲက ပြည်သူတွေအတွက် ပထမဦးဆုံး စတင်လိုက်ဆောင်ရွက်လိုက်တယ်လို့ သိရပါတယ်။

ဒီအစီအစဉ်ကို ၂၀၁၇ခုနှစ် စက်တင်ဘာလ ၇ ရက်ကနေ နိုဝင်ဘာလ ၃၀ ရက် အတွင်း ပြုလုပ်သွားမှာဖြစ်ကာ အူရီဒူးဖုန်းတွေနဲ့ ၁ မိနစ် ဖုန်းခေါ်ဆိုမှုတိုင်းမှာ ၁ ကျပ်လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးထဲက အူရီဒူးရဲ့ဝန်ဆောင်မှုကို အသုံးပြုသူတွေ အချင်းချင်း သူတို့ရဲ့ မိတ်ဆွေ၊ မိသားစုနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေရဲ့ အူရီဒူးမိုဘိုင်းနံပါတ်ကို ဖုန်းခေါ်ဆိုတဲ့အခါတိုင်း တစ်မိနစ်ဖုန်းပြောပြီးတိုင်းမှာ အူရီဒူးမြန်မာမှ ၁ကျပ် လှူဒါန်းပေးသွားမှာပါ။

 

“အူရီဒူးအနေနဲ့ သက်ဆိုင်ရာဒေသက ပြည်သူလူထုရဲ့ နေ့စဉ်ဘ၀မှာ အဓိကနေရာကနေ ပါဝင်ချုင်ပြီး လူမှုဘ၀တိုးတက်မြင့်မားဖို့အတွက် ပူးတွဲလုပ်ကိုင်လိုပါတယ်။ အခုပြုလုပ်တဲ့ လူမှုအကျိုးပြုအစီစဉ်က မြန်မာနိုင်ငံမှာ ပထမဆုံးဖြစ်ပြီး မိုဘိုင်းဖုန်း အသုံးပြုသူတွေက ဖုန်းခေါ်ဆိုလိုက်တိုင်းမှာ အူရီဒူးကနေ လှူဒါန်းပေးသွားမယ့် ပထမဦးဆုံးအစီအစဉ်ဘဲ ဖြစ်ပါတယ်" အူရီဒူးမြန်မာရဲ့ Acting CEO ဗီခရမ်ဆင်ဟ က ပြောပါတယ်။

ဝန်ဆောင်မှုရယူထားသူတွေအနေနဲ့ လှူဒါန်းမှုအစီအစဉ်အတွက် အပိုဝန်ဆောင်ခ ထပ်မံပေးစရာမလိုတဲ့အပြင် ဖုန်းလက်ကျန်ငွေထဲကနေ ပေးဖို့ မလိုဘူးလို့ သိရပါတယ်။

Postby

        

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD