AD
AD
AD
play

 

တယ်လီဖုန်းမက်ဆေ့ခ်ျ၊ ဖေ့စ်ဘွတ်ခ်နဲ့ မက်ဆင်ဂျာတွေကနေ သွေးထိုးလှုံ့ဆော်မှုဖြန့်ဝေသူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက စက်တင်ဘာ ၉ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဘာသာရေးနဲ့ လူမျိုးရေးပြဿနာဖြစ်စေဖို့ ရေးသားထားပြီး သွေးထိုးလှုံ့ဆော်တဲ့ ကောလာဟလမက်ဆေ့ခ်ျတွေကို ဆက်လက်မဖြန့်ဝေဖို့နဲ့ ပေးပို့လာသူတွေကို အစိုးရကို တရားဝင်အသိပေးဖို့ နိုင်ငံတော်သမ္မတရုံးညွှန် ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

 

‘‘စဖြန့်တဲ့လူကို ကျွန်တော်တို့သိချင်တယ်။ ဖြန့်တဲ့လူကိုဖော်ထုတ်ချင်တယ်။ အဲဒါကိုယ့်ဆီရောက်လာရင် ရောက်လာ တဲ့လူတွေရဲ့ ဖေ့စ်ဘွတ်ခ်ဆိုလည်း ဖေ့စ်ဘွတ်ခ်အကောင့်၊ ဖုန်းမက်ဆေ့ခ်ျဆို လည်း ဖုန်းနံ့ပါတ်ပို့ပေးဖို့၊ အသိပေးဖို့ ပေါ့’’ လို့ ဦးဇော်ဌေးက 7Day သတင်းစာကို ပြောပါတယ်။

play

 

အစိုးရသတင်းထုတ်ပြန်ရေးကော်မတီကလည်း မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူတွေထံ တယ်လီဖုန်းမက်ဆေ့ခ်ျတွေ၊ ဖေ့စ်ဘွတ်ခ် မက်ဆင်ဂျာကတစ်ဆင့် စက်တင်ဘာ ၁၁ ရက်မှာ အကြမ်းဖက် တိုက်ခိုက်တာတွေပြုလုပ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သွေးထိုးလှုံ့ဆော်မှုတွေ ဖြန့်ဝေနေတာကို သိရှိတယ်လို့ စက်တင်ဘာ ၉ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

အစိုးရအနေနဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေ ပြုလုပ်မယ်ဆိုတဲ့ သတင်းကြားသိချိန်ကတည်းစပြီး အများပြည်သူကို သတိပေးထုတ်ပြန်ထားကာ လုံခြုံရေးဆိုင်ရာကိစ္စတွေကို အလေးထားဆောင် ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် သွေးထိုးလှုံ့ဆော်နေသူတွေကို ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

Source : 7DayDaily

Photos : information Committee

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD