play

 

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် ကန့်ကွက်ရှုတ်ချတဲ့ ဟောပြောပွဲတစ်ခုကို ကရင်ပြည်နယ် ဘားအံမြို့မှာ လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး မစိုးရိမ်တိုက်ကျောင်းဆရာတော် ဦးဝီရသူက ဦးဆောင်ဟောပြောသွားမယ်လို့ ကရင်ပြည်နယ်အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃၀ ရက်ကလည်း ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ဦးဆောင်ပြီး ထုတ်ပြန်ထားတဲ့ အစီရင်ခံစာကိုကန့်ကွက်ပွဲနဲ့ ရခိုင်ပြည်နယ်အကြမ်းဖက်မှု ရှုံ့ချပွဲကို ပြုလုပ်ရာမှာ ဆရာတော်ဦးဝီရသူက ဦးဆောင်ပြီး ဟောပြောခဲ့ပါတယ်။

play

 

“ကရင်ပြည်နယ်မဘသက ဇွဲကပင်တောင်ဆရာတော်က ဟောပြောပွဲကိုစီစဉ်တာပါ”လို့ ကရင်ပြည်နယ်မဘသအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ကရင်ပြည်နယ်မှာ ထပ်မံပြုလုပ်မယ့် အဆိုပါဟောပြောပွဲမှာ ရခိုင်ပြည်နယ်တွင်ဖြစ်ပေါ်နေတဲ့ အစွန်းရောက်ခိုးဝင်ဘင်္ဂါလီတွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုံ့ချခြင်း၊ အမျိုး ဘာသာသာသနာ ဖိနှိပ်ချုပ်ချယ်တာတွေ ရပ်တန့်ရေးနဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ သွေးစည်းညီညွှတ်ရေးအတွက် အထူးအသိပေးခြင်းစတဲ့ ခေါင်းစဉ်တွေနဲ့ ဟောပြောသွားမှာ ဖြစ်ပါတယ်။

 

အဆိုပါ ဟောပြောပွဲကို ကရင်ပြည်နယ်ဘားအံမြို့၊ တောင်ကလေးနှစ်သစ်ကူးကွင်းမှာ မွန်းလွဲ ၁ နာရီခွဲအချိန်မှာ ပြုလုပ်သွားမှာဖြစ်ပြီးဟောပြောပွဲကို ဆရာတော်ဦးဝီရသူအပါအဝင်၊ စာရေးဆရာ မောင်သွေးချွန်၊ ဒေါက်တာကျော်ဆွေ (တောင်တွင်းကြီး)၊ အညတြကပ္ပိယ (ကရင်ပြည်နယ်) တို့က ပါဝင်ဟောပြောသွားမယ်လို့ သိရပါတယ်။

Source : The Voice

Photos : STD Times

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video