AD
AD
AD
play

 

အကြမ်းဖက်တိုက်ခိုက်မှုတွေကနေ ရှောင်ရှားနိုင်ဖို့ မောင်တောမြို့ကနေ ဘူးသီးတောင်ကို တိမ်းရှောင်လာသည့် လူတစ်ရာလောက် လိုက်ပါလာတဲ့ ကားတစ်စီး တိမ်းမှောက်ကာ ၄၀ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် ဆေးရုံအုပ်ကြီးက ပြောပါတယ်။

မောင်တောမြို့နယ် ကြိမ်ချောင်းရွာမှ ဟိန္ဒူဘာသာဝင် ၉၀ ကျော်လိုက်ပါလာတဲ့ ကားတစ်စီးက မောင်တော-ဘူးသီးတောင် ကားလမ်းရှိ လိုဏ်ဂူကြီးနားမှာ စက်တင်ဘာ ၉ ရက် ညနေ ၄ နာရီလောက်က တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

 

‘‘ကားပေါ်မှာ ၉၉ ဦးလိုက်ပါ လာတာ။ ကားက တောင်နံရံကို ၀င်တိုးမိပြီး လဲကျသွားတာ။ သာမန်ဒဏ်ရာရသူတွေအပါအ၀င် လူနာဦးရေ လေးဆယ်ဝန်းကျင်လောက် ဒဏ်ရာရသွားတယ်’’လို့ ဘူးသီးတောင်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသန်းထွန်းကျော်က ပြောပါတယ်။

တိမ်းမှောက်ခဲ့တဲ့ကားက အမိုးမပါတဲ့ မြေသယ်ယာဉ်  Tipper အမျိုးအစားဖြစ်လို့ ဒဏ်ရာရသူများပြားခဲ့ပေမယ့် ဒဏ်ရာရသူအားလုံး အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့  ဒေါက်တာသန်းထွန်းကျော်က ပြောပါတယ်။

စက်တင်ဘာ ၉ ရက် ညအခြေအနေအရ ဒဏ်ရာရသူတွေကို ဆေးရုံမှာ ကုသနေဆဲဖြစ်ပြီး ကျန်လူ ၅၀ ကျော်ကို ကယ်ဆယ်ရေးစခန်းတွေကို တာဝန်ရှိသူတွေက ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Source : 7DayDaily

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD