AD
AD
AD
play

 

မန္တလေးတိုင်းမှာ ရှစ်လအတွင်း ယာဉ်တိုက်မှုကြောင့် ၂၄၂ ရက်အတွင်း ၅၃၉ ဦးသေဆုံးခဲ့လို့ တစ်ရက်ကို လူနှစ်ဦးထက်မနည်း သေဆုံးနေတယ်လို့ သိရပါတယ်။

၂၀၁၇ ဇန်နဝါရီကနေ သြဂုတ်လအထိ ရှစ်လအတွင်း ယာဉ်တိုက်မှု ၁,၅၁၆ မှုဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်တိုက်မှုတွေကြောင့် လူ ၅၃၉ ဦး သေဆုံးကာ လူ ၂,၅၀၀ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးကနေ သိရပါတယ်။

ခရိုင်ခုနစ်ခုမှာ မန္တလေးခရိုင်က ယာဉ်တိုက်မှုကြောင့် လူ ၁၃၁ ဦးသေဆုံးခဲလို့ လူသေဆုံးမှု အများဆုံးခရိုင်ဖြစ်ပြီး ပြင်ဦးလွင်ခရိုင်က ယာဉ်တိုက်မှု ၃၉၂ မှုနဲ့ ယာဉ်တိုက်မှုအများဆုံး ဖြစ်ပွားခဲ့ပါတယ်။

 

ယာဉ်တိုက်မှုကြောင့် လူသေဆုံးထိခိုက်ဒဏ်ရာရမှုတွေမှာ ဆိုင်ကယ်ကြောင့် အများဆုံးဖြစ်ပြီး မော်တော်ဆိုင်ကယ်စီးနင်းအ သုံးပြုသူတွေအနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို စနစ်တကျ လိုက်နာစီးနင်းဖို့ လိုအပ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

play

 

ယာဉ်ထိန်းရဲတပ်ဖွဲ့အနေနဲ့ ဆိုင်ကယ်ဦးထုပ်ဆောင်းခြင်း၊ မေးသိုင်းကြိုးတပ်ခြင်း အစရှိတဲ့ စည်းကမ်းတကျ စီးနင်းမှုတွေ ရှိလာစေဖို့နဲ့  ယာဉ်တိုက်မှု ဖြစ်စဉ်တွေ လျော့ကျစေဖို့ မန္တလေးမြို့ထဲက မီးပွိုင့်တွေမှာပါ ဖမ်းဆီးစစ်ဆေးနေတယ်လို့ မန္တလေးတိုင်းဒေသကြီး ယာဉ်ထိန်းဒုတပ်ဖွဲ့ခွဲမှူးရုံး တာဝန်ကျရဲအရာရှိတစ်ဦးက ပြောပါတယ်။

Source : 7DayDaily

Photo : MBT

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Local News


AD