AD
AD
AD
play

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကနေတစ်ဆင့် ပွဲစားခပေးပြီး ရန်ကုန်ကို ခိုးဝင်လာတဲ့ ဘင်္ဂါလီအမျိုးသားလေးဦးကို စက်တင်ဘာလ ၉ ရက် မနက်ပိုင်းက ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အဆိုပါ ဖမ်းမိသူလေးဦးက လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ရန်ကုန်မြို့ကို ရောက်ရှိနေသူတွေဖြစ်ပြီး စက်တင်ဘာလ ၉ ရက် မနက်၂ နာရီခွဲက ပြည်လမ်း၊ ကိုးမိုင်အိုးရှင်းစင်တာရှေ့မှာ လမ်းလျှောက်နေတဲ့ နှစ်ဦးကို စစ်ဆေးတာကနေ နောက်ထပ် လေးဦးကိုဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

 

“သူတို့နှစ်ယောက်က အလုပ်ရှာဖို့အပြင်ထွက်လာချိန်မှာ လှည့်ကင်းအဖွဲ့နဲ့တွေ့ပြီး စစ်ဆေးရာက ခရီးသွားလာခွင့်အထောက်အထား တစ်စုံတစ်ရာ မရှိဘဲ ခိုးဝင်လာသူတွေဆိုတာ သိခဲ့ရတာ။ ကျန်နှစ်ယောက်ကိုမရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်မှာ ထပ်မိခဲ့တယ်” လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဖမ်းမိသူလေးဦးက တစ်ဦးကို ငွေကျပ်၁၅ သိန်းဆီ ပို့ဆောင်ခပေးပြီး စစ်တွေ-အမ်း-ရန်ကုန်လမ်းအတိုင်း ရခိုင်အမျိုးသားတစ်ဦး မောင်းနှင်တဲ့ မော်တော်ယာဉ် နောက်ခန်းမှာ ပစ္စည်းတွေနဲ့ အတူရောပြီး လိုက်ပါလာခဲ့တာဖြစ်ပြီး ရန်ကုန်မြို့က လိပ်စာမသိ၊ နာမည်မသိတဲ့ အမျိုးသားတစ်ဦးရဲ့ နေအိမ်မှာတည်းခိုခဲ့တယ်လို့ သိရတယ်။

ဖမ်းမိသူတွေက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ပေါင်းတုတ်ကျေးရွာမှာ နေထိုင်သူများဖြစ်တဲ့ အသက်၁၆ နှစ်အရွယ် ဟာဆောင်း၊ အသက် ၁၈နှစ်အရွယ် ဖော်ဇော်ရော်ဟိန်းနဲ့ ဟော်မင်၊ အသက်၂၀ နှစ်အရွယ် အဒူရော်စောင်တို့ဖြစ်ပြီး သူတို့ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : The Voice

Photos : Yangon Police

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD