play

 

စက်တင်ဘာလ ၁၀ ရက် ည ၇ နာရီပတ်ဝန်းကျင်က တောင်တွင်းကြီးမြို့ ရွှေအိုး၂ ရပ်ကွက်၊ အုန်းတော ၁ ရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက် ကျူးလွန်သူတွေကို အမြန်ဆုံးဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့တာဝန်ရှိသူများက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ တောင်တွင်း-မကွေး မော်တော်ကားလမ်းပေါ်က ဆိတ်သားသတ်လုပ်ငန်း လုပ်ကိုင်တစ်ဦးရဲ့နေအိမ်ကို လူငယ် ၅၀ လောက်က ခဲတွေနဲ့ ပစ်ပေါက်ပြီး နိုင်ငံတော်သီချင်းသီဆိုကာ ရွှေကြာအင်း(၁)ရပ်ကွက်မှာရှိတဲ့ ဗလီဘက်ကို ထွက်ခွါသွားတာကြောင့် မြို့နယ်လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံထိန်းသိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

 

ည ၉ နာရီလောက်မှာလည်း အဆိုပါ ဗလီရဲ့ မြောက်ဘက် တောင်တွင်း-မကွေးကားလမ်းပေါ်မှာ လေးခွနဲ့ ကျောက်ခဲတွေ ကိုင်ဆောင်ထားတဲ့ လူ ၇၀ လောက်နဲ့  ဗလီရဲ့အရှေ့တောင်ဘက် လမ်းမပေါ်မှာ လာရောက်ကြည့်ရှုသူ လူ ၄၀၀ ဦးလောက်က စုဝေးရောက်ရှိလာလို့ လုံခြုံရေးအဖွဲ့တွေက လူစုခွဲဖို့ အသံချဲ့စက်နဲ့ အကြိမ်ကြိမ် သတိပေးပေမယ့် လူစုမခွဲလို့ ဒိုင်းတွေနဲ့ တွန်းထုတ်ခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်တွေက စနစ်တကျ လူစုခွဲခဲ့ရာ ည ၉ နာရီခွဲမှာ လူစုခွဲပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်မှာ ခဲနဲ့ ပစ်ပေါက်တဲ့ အဖွဲ့က မောင်းတိုင် (၂)ရပ်ကွက်နေ နှင်းကိုကိုလင်း(၃၀)နှစ် (အဖ) ဦးဖိုးထောင်ကို ဖမ်းဆီးရမိခဲ့ပြီး ကနဦးစိစစ်ချက်အရ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေအပေါ် မကျေနပ်လို့ လုပ်ဆောင်တာဖြစ်ပြီး ပါဝင်ပတ်သက်သူတွေကို ရှာဖွေ ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source : Information Committee

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video