play

 

အမျိုးသမီး အထည်ဖိုး ကျပ်ခုနစ်သောင်းကျော်မပေးလို့ဆိုပြီး လူမှုကွန်ရက်တွင်ရေးသားခဲ့တဲ့ အမျိုးသမီးကို စက်တင်ဘာလ ၉ ရက်နေ့က ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားတယ်လို့ တောင်ငူမြို့မ ရဲစခန်းကနေ သိရပါတယ်။

“အကြွေးပေးစရာရှိတာ မပေးလို့ဆိုပြီး ဖေ့စ်ဘွတ်ခ်တင်လိုက်တာကိုဆက်သွယ်ရေး ပုဒ်မနဲ့အမှုဖွင့်လိုက်တာလို့ သိရတယ်။ ငွေကြေးကိစ္စတွေနဲ့ဖြစ်ကုန်ကြတာ၊ နှစ်ယောက် စလုံးက ရပ်ကွက်ထဲကပါ” လို့ အမှတ် ၁၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

တောင်ငူမြို့နယ် အမှတ် ၁၉ ရပ်ကွက် ရိပ်သာလမ်းမှာ အလှပြင်ဆိုင်ဖွင့်ထားတဲ့ မခိုင်ဝါဝါမြင့် ( ၂၃ နှစ်) က တစ်ရပ်ကွက်တည်းနေတဲ့ မနှင်းဆီ(၂၂ နှစ်) ဆီကနေ အထည်တွေကို ယူရောင်းထားတဲ့ ငွေကျပ်ခုနစ်သောင်းကျော်ကို ပြန်ဆပ်ဖို့ ကျန်နေတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်က လူမှုကွန်ရက်မှာရှိတဲ့ မခင်နှင်းဆီက Yellow Pea အကောင့်နဲ့ မခိုင်ဝါဝါမြင့်ရဲ့ ဓာတ်ပုံနဲ့အတူ လိမ်လည်သည်၊ အရှက်ကွဲမယ်ဆိုတဲ့ စကားတွေကိုသုံးပြီး ရေးသားခဲ့ပေမယ့် လာမတောင်းပန်လို့ ရေးသားခံရသူက မနှင်းဆီကို စက်တင်လ ၉ ရက်မွန်းလွဲပိုင်းက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

Source : The Voice

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video