AD
AD
AD
play


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပထွက်ခွာဂိတ်မှာ စက်တင်ဘာလ ၁၀ ရက်ည ၇ နာရီလောက်က ခရီးဆောင်သေတ္တာအိတ် နှစ်လုံးနဲ့အပြည့်ထည့်ထားတဲ့ အိန္ဒိယရူးပီးငွေ အမြောက်အမြားကို ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံကနေ သိရပါတယ်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်၊ ရွှေဘိုလမ်း၊ အောင်ဇေယျရပ်ကွက် အိမ်ရာမှာနေတဲ့ အသက်၃၂ နှစ်အရွယ်  ဖြိုးသက်အောင်က စင်္ကာပူနိုင်ငံကို ထွက်ခွာဖို့ ပြည်ပထွက်ခွာဆောင်Terminal -2 Main Xray စက်ကို ဖြတ်သန်းတုန်း ခရီးဆောင်သေတ္တာအိတ်နှစ်လုံးထဲကနေ နိုင်ငံခြားငွေပုံရိပ်တွေ တွေ့ရှိခဲ့လို့ လေကြောင်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) က ခေါ်ယူစစ်ဆေးပြီး မင်္ဂလာဒုံမြို့မ ရဲစခန်းကို အပ်နှံခဲ့တာပါ။

 

“သူက ရန်ကုန်ကနေ စင်္ကာပူကို Jet Star လေယာဉ်နဲ့လိုက်မှာ၊ အိတ်ကိုဖွင့်ဖောက်စစ်လိုက်တဲ့အချိန်မှာ ရူးပီးငွေ ၂၀၀၀ တန် တစ်သောင်းသုံးထောင်တွေ့တယ်၊ မြန်မာငွေနဲ့ဆိုရင် သိန်းပေါင်း ငါးထောင့်လေးရာကျော်ပေါ့၊ ကျောပိုးအိတ်ထဲကနေတော့ အမေရိကန်ဒေါ်လာ တစ်ရာတန် အရွက်နှစ်ဆယ်ထပ်တွေ့တယ်၊ ဘယ်ကနေရသလဲ ဆိုတာတော့ စစ်ဆေးဆဲမို့မသိရသေးဘူး”လို့ လေဆိပ်တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

အဆိုပါငွေတွေကို သက်ဆိုင်ရာ ခွင့်ပြုချက်စာရွက်စာတမ်းမရှိဘဲ ပြည်ပကို တရားမဝင်သယ်ဆောင်တယ်ဆိုပြီး အကောက်ခွန်မှူး အေးအေးတင်မောင်က မင်္ဂလာဒုံမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့လို့ ရဲစခန်းကနေ (ပ) ၁၂၀၉/၁၇၊ ၂၀၁၂ ခုနှစ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲ ဥပဒေပုဒ်မ ၄၂ နဲ့ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Source & Photo : The Voice

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Local News


AD