play

 

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က စက်တင်ဘာလ ၈ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အူလမ်းကြောင်း ခွဲစိတ်ကုသမှု ခံယူခဲ့ရာမှာ ကုသမှုအောင်မြင်ခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။ သမ္မတဦးထင်ကျော်က လိုအပ်တဲ့ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ရာမှာ အူလမ်းကြောင်း (ColonicPolyp) ဆိုတဲ့ ဖြစ်စဉ်တွေ့တာကြောင့် ခွဲစိတ်ကုသခဲ့ရတာ ဖြစ်ပါတယ်။

play

 

(ColonicPolyp) ဆိုတဲ့ ဖြစ်စဉ်က အူလမ်းကြောင်းမှာ အသားပိုတွေ တွေ့ရတဲ့ ဖြစ်စဉ်လို့ ဆေးပညာရှင်တွေက ပြောခဲ့ပြီး သမ္မတကြီးဟာ ရခိုင်အရေးနဲ့ပတ်သက်တဲ့ အစည်းအဝေးတစ်ခုကို နေပြည်တော်က သမ္မတအိမ်တော်မှာ စက်တင်ဘာလ ၆ ရက်က ပြုလုပ်ခဲ့ပါတယ်။

 

လက်ရှိအချိန်မှာ အသက်(၇၁)နှစ် ရှိပြီဖြစ်တဲ့ သမ္မတ ဦးထင်ကျော်က မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာနိုင်ငံရဲ့ ကိုးဦးမြောက် သမ္မတဖြစ်ကာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ဒီချုပ်အစိုးရ အာဏာရချိန်မှာ သမ္မတအဖြစ် တာဝန်ပေးခံခဲ့ရတာပါ။

Source : 7DayTV

Photos : President Office

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video