play

 

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဦးဝီရသူအပါအ၀င် အမျိုးသားရေးလှုပ်ရှားသူတွေ ပါဝင်ဟောပြောတဲ့  ဘားအံဟောပြောပွဲ စီစဉ်သူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက်က ဘားအံမြို့ တောင်ကလေးနှစ်သစ်ကူးကွင်းမှာ ‘‘ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော အစွန်းရောက် ခိုးဝင်ဘင်္ဂါလီများ၏ အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချခြင်း၊ အမျိုးဘာသာဖိနှိပ်ချုပ်ချယ်ခြင်း ရပ်တန့်ရေးနှင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ သွေးစည်းညီညွတ်ရေးအတွက် အထူးအသိပေး ဟောပြောပွဲ’’ကို ကရင်ပြည်နယ် မဘသအဖွဲ့ဝင်နှစ်ဦး အစီအစဉ်နဲ့  ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

‘‘ဟောပြောခွင့်တင်တဲ့ အချိန်တုန်းက မြို့နယ်အုပ်ချုပ်ရေးမှူးက ဒီအချိန်ဒီပွဲမျိုးလုပ်ဖို့ မသင့်တော်ဘူးလို့ တားတယ်။ ဒါပေမဲ့လုပ်တော့လည်း သူတို့ခွင့် ပြုချက်တင်တဲ့ ခေါင်းစဉ်နဲ့မဆိုင်တဲ့ အမုန်းစကားတွေ ဟောပြောတာမျိုးပြောတယ်’’လို့ ကရင်ပြည်နယ် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ပြောပါတယ်။

အဆိုပါ ဟောပြောပွဲမှာ တစ်နိုင်ငံလုံး တစ်နှစ်တရားဟောခွင့် ပိတ်ပင်ခံထားရတဲ့ ဆရာတော်ဦးဝီရသူနဲ့ ဗုဒ္ဓဓမ္မပရဟိတအသင်း ဥက္ကဋ္ဌ မောင်သွေးချွန်၊ ဒေါက်တာကျော်ဆွေ (တောင်တွင်းကြီး) အညတရကပ္ပိယတို့က ဟောပြောပြီး တက်ရောက်သူတွေက ရိုဟင်ဂျာလုံးဝမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့တာပါ။

ဒါ့ကြောင့် ဘားအံမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက ပွဲစီစဉ်သူတွေကို ငြိမ်းစုစီဥပဒေနဲ့ အရေးယူဖို့ တိုင်းအစိုးရထံ စက်တင်ဘာ ၁၀ ရက် ညက တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

Source : 7DayDaily

Photo : rfa

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video