AD
AD
AD
play

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ကို နိုင်ငံပိုင်ကော်ပိုရေးရှင်းအဖြစ်ပြောင်းလဲဖွဲ့စည်းနိုင်ဖို့ စီစဉ်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။

MPT အနေနဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ လုပ်ငန်းလည်ပတ်နိုင်ဖို့နဲ့ နိုင်ငံတကာမှ ဆက်သွယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အော်ပရေတာတွေနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲဖို့ စီစဉ်ရတာလို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန်ဦးမိုးကျော်စိုးက ပြောပါတယ်။

play

 

“ဥပမာ - တယ်လီနောမှာလည်း ဒီအလုပ်လုပ်ရတယ်။ လစာများတယ်ပေါ့။ အစိုးရဝန်ထမ်းက လစာတိုးပေးရတာ ခက်တယ်။ ပစ္စည်းတစ်ခုလိုပြီဆို ချက်ချင်းဝယ်ရတယ်။ အစိုးရဌာနမှာဆိုရင် တင်ဒါတွေ ခေါ်ရတယ်။ အဆင့်ဆင့်ရှိတော့ကြာတယ်။ သူများတွေက အသုံးပြုနေပြီ။ ကိုယ့်မှာက တင်ဒါခေါ်တုန်းပေါ့။ ဒါမျိုးတွေရှိတယ်။ အဓိကတော့နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီတွေကို ယှဉ်ပြိုင်နိုင်ဖို့အတွက်ပါ။ ဝန်ထမ်းတွေကိုနိုင်ငံတကာ အဆင့်မီလစာပေးပြီး ယှဉ်ပြိုင်လိုစိတ်ရှိအောင်ပါ”လို့ ဦးမိုးကျော်စိုးက ရှင်းပြပါတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို ကော်ပိုရေးရှင်းအဖြစ် ပြောင်လဲနိုင်ဖို့ လောလောဆယ်မှာ ဝန်ကြီးဌာနတွေ ညှိနှိုင်းဆွေးနွေးနေပြီး ဥပဒေ ရေးဆွဲတဲ့ လုပ်ငန်းတွေပြီးစီးရင် နိုင်ငံပိုင်ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲသွားမယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာနထံကနေ သိရပါတယ်။

 

မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော ဆက်သွယ်ရေး ကွန်ရက်ကိုပိုင်ဆိုင်ထားသော MPT အနေနှင့်ဂျပန်နိုင်ငံတွင်ဆက်သွယ်ရေး လုပ်ငန်းတွေကို ဝန်ဆောင်မှုပေးနေတဲ့ KDDI Sumitomo ကုမ္ပဏီနဲ့ပူးပေါင်းကာ လိုင်းဖုန်းတွေနဲ့ မိုဘိုင်းလ်ဆက်သွယ်ရေးလုပ်ငန်းတွေကို ဝန်ဆောင်မှုပေးနေတာပါ။

Source : The Voice

Photos : MBT

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD