AD
AD
AD

လျင်လျင်မြန်မြန် တိုးတက်ပြောင်းလဲလာတဲ့ မြန်မာ့ဆက်သွယ်ရေးကဏ္ဍရဲ့အရွေ့မှာ ဆက်သွယ်ရေးအော်ပရေတာတွေ အများအပြား ပေါ်ထွက်လာပြီး မြန်မာပြည်သူတွေရဲ့ မိုဘိုင်းဖုန်း အသုံးပြုမှုက သိသိသာသာများပြားလာပါတယ်။

ဆက်သွယ်ရေး အော်ပရေတာသုံးခုဖြစ်တဲ့ MPT,တယ်လီနောနဲ့ အော်ရီဒူးတို့က ဆင်းမ်ကတ်တွေကို အပြိုင်အဆိုင်ေ ရာင်းချ လာတာကြောင့်လည်း မိုဘိုင်းအသုံးပြုသူတွေ ပိုများလာတာပါ။ ဆက်သွယ်ရေးအော်ပရေတာတွေက ၀န်ဆောင်မှုပုံစံအမျိုးမျိုး၊ Package အမျိုးမျိုး မိတ်ဆက်ပေးနေလို့ သုံးစွဲသူတွေအနေနဲ့လည်းရွေးချယ်စရာတွေ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

မိုဘိုင်းဖုန်းအသုံးပြုမှုမှာ အခြေအကျဆုံးဖြစ်တဲ့ တစ်မိနစ်ကို ဖုန်းပြောဆိုခ ဘယ်လောက်ကျသင့်တယ်ဆိုတဲ့ မေးခွန်းကို အခုအချိန်အထိ တိတိကျကျ မဖြေနိုင်ကြသေးပါဘူး။

play

 

အော်ရီဒူးနဲ့တယ်လီနောတို့ရဲ့ ငွေဖြည့်တဲ့ ပမာဏအပေါ်မူတည်ပြီး နေ့တိုင်းရရှိတဲ့ အခမဲ့အသုံးပြုခွင့်တွေ၊ MPT ရဲ့ Unlimited Voice Package တွေက သုံးစွဲသူတွေအတွက်အဆင်ပြေခဲ့ပေမယ့် ဖျက်သိမ်းလိုက်လို့ ဝေဖန်မှုတြွေုကုံတွေ့ခဲ့ရပါတယ်။  

Mobile-charges.compare.com.mm ရဲ့တွက်ချက်မှုအရ ပြည်တွင်းမှာ ၀န်ဆောင်မှုတွေပေးနေတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေရဲ့ ၀န်ဆောင်ခနှုန်းထားတွေကို ပြန်ကြည့်မယ်ဆိုရင် တယ်လီနောရဲ့ စိတ်ကြိုက်အစီအစဉ်သုံးစွဲသူတွေက ဘယ်အော်ပရေတာကိုပဲခေါ်ခေါ်နစ်ကို ၂၇ ကျပ် ကျသင့်နေပြီး အင်တာနက်အသုံးပြုမယ်ဆိုရင် 1MB ကို ရှစ်ကျပ် ကျသင့်နေပါတယ်။

အော်ရီဒူးတော့ ပုံမှန်အတိုင်း သုံးစွဲမယ်ဆိုပါက အခြားအော်ပရေတာတွေကို ခေါ်ဆိုမယ်ဆိုရင် တစ်မိနစ်ကို ၂၃ ကျပ် ကျသင့်မှာဖြစ်ပြီး အော်ရီဒူးဖုန်းအချင်းချင်းခေါ်ဆိုရင် တစ်မိနစ် ၁၅ ကျပ်နဲ့ အင်တာနက်သုံးမယ်ဆိုရင်တော့ 1MB ကို ခြောက်ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။

 

MPT ကလည်း သူ့ရဲ့ Ultimate Voice Package ကို ၆၅ မိနစ်အဖြစ်ပြင်ဆင်လိုက်ပေမယ့် အခြားဖုန်းခေါ်ဆိုခတွေကို တစ်မိနစ် ၂၅ ကျပ်နဲ့ MPT အချင်းချင်းခေါ်မယ်ဆိုရင်တော့ ၁၅ ကျပ်၊ အင်တာနက်အသုံးပြုခ 1MB = ၈ကျပ် [ရှယ်ပြောအစီအစဉ်] (သို့) အင်တာနက်အသုံးပြုခ 1MB = ၆ကျပ် [ဆွေသဟာအစီအစဉ်] စသော ရွေးချယ်စရာအစီအစဉ်နှစ်ခုဖြင့် ကျသင့်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ MPT ကိုအသုံးပြုသူ မြန်မာနိုင်ငံမှာ ၂၅ သန်းရှိနေပြီဖြစ်ပြီး ပြည်တွင်းမှာ သုံးစွဲသူအများဆုံး ပိုင်ဆိုင်ထားတယ်လို့ MPT ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ဆက်သွယ်ရေး အော်ပရေတာ သုံးခုထဲမှာ MPT ရဲ့ ရှယ်ပြော အစီအစဉ်က တစ်မိနစ်ကို ဖုန်းပြောဆိုခ ၁၅ ကျပ်နဲ့ ဝန်ဆောင်မှု ပေးလျက်ရှိတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD