AD
AD
AD
play

 

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ပြုလုပ်နေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို ဒုတိယသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောကြားပါတယ်။

(၇၂)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ရောက်မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် လက်ရှိတော့ ဒုသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အတည် ပြုပြောကြားထားပါတယ်။

‘‘နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တက်မယ်လို့ ကျွန်တော်တို့ တစ်ခါမှထုတ်ဖော်ပြောကြားတာ မျိုးမရှိပါဘူး။ အဓိကကတော့ ဒီနေ့ဒီအခါမှာ ခရီးသွားဖို့ စပြင်တဲ့အခါမှာ ဒုတိယသမ္မတအနေနဲ့ စပြင်တာ မှန်ပါတယ်’’လို့ နိုင်ငံ ခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက စက်တင်ဘာ ၁၂ ရက်က 7Day Daily သတင်းစာကို ပြောခဲ့ပါတယ်။

 

ကုလသမဂ္ဂအထွေထွေညီလာခံကို စက်တင်ဘာ ၁၂ရက်ကနေ ၂၅ ရက်အထိ ပြုလုပ်မှာဖြစ်ပြီး ဒုသမ္မတ(၂) ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့က ယခုသီတင်းပတ်ကုန်မှာ ထွက်ခွာဖွယ်ရှိတယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

ဒုသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူရဲ့ခရီးစဉ်မှာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင်တို့ လိုက်ပါဖို့ စီစဉ်ထားပြီး ဦးဟင်နရီဗန်ထီးယူအနေနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းတစ် ရပ် ပြောကြားဖွယ်ရှိတယ်လို့ သိရပါတယ်။

Source : 7DayDaily

Photo : Ye Aung Thu (AFP)

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD